ညဉ့်ငှက် (အပိုင်း၁)

2.7K 112 6
                                    

ညဉ့်ငှက် .. (အပိုင်း ၁)

" ဟဲ့ အဲဒါ နင်သောက်သုံးမကျလို့ပေါ့ "

" ဟာ ! ကောင်မ လျှာကိုရှည်တယ် "

" ဟဲ့ အကောင် နင် ငါ့ကို ရိုက်တယ် ဟုတ်လား "

" အမလေး လာကြပါအုန်း အရပ်ကတို့ .. "

" ဝုန်း .. ကလွမ် "

ဆူညံသံ အော်ဟစ်သံ ပစ္စည်းတွေ ပစ်ပေါက်ထုရိုက်သံတွေက Gulf တို့ အိမ်လေးစီကနေ
ပွက်လောညံထွက်လာတော့တယ် ..

Gulf သူ့နားနှစ်ဘက်ကို ပိတ်ပြီး
အိမ်လေးထဲက ထွက်လာပြီး
သစ်သားကွပ်ပျစ် ယိုင်နဲ့နဲ့မှာ
ဒူးနှစ်ဘက်ထောင်ပြီး ကျုံ့ကျုံ့လေး
ထိုင်ချလိုက်တယ် ..

ဒါကတော့ Gulf တို့အိမ်ရဲ့ ကြားနေကြဖြစ်တဲ့မိခင်ဖြစ်သူနဲ့ ပထွေးဖြစ်သူတို့ရဲ့ ညစဉ်ညတိုင်းရန်ဖြစ်သတ်ပုတ်နေတဲ့
အသံတွေပဲဖြစ်တော့တယ် .

Gulf မိခင် ဒေါ်နှင်းဆီဟာ Gulf ဖခင်
ဆုံးသွားပြီးနောက်ပိုင်း တစ်ရပ်ထဲသားဖြစ်တဲ့ ဂျင်မီဆိုသူသူ့ထက်
အသက်ထက်ဝက်လောက်‌ငယ်တဲ့ သူနဲ့ နောက်အိမ်ထောင်ထပ်ပြုခဲ့တယ် ..

Gulf ဖခင် ဦကျင်ဟန် ရှိတုန်းကတည်းက
ဒေါ်နှင်းဆီဟာအိမ်ထောင်ရေးကို
အလေးမထား ပေါ်ကြော့နေခဲ့သူ
တစ်ယောက် ..
ဦးကျင်ဟန် အိမ်ထောင်တာဝန်
ကျေပွန်ပေမယ့်
ဒေါ်နှင်းဆီကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား
အိမ်ထောင်ရှင်မတယောက် ..

အိမ်မှု့ကိစ္စလည်း အလေးမထား ..
ခင်ပွန်းဖြစ်သူကိုလည်း ဂရုမစိုက် ..
သားဖြစ်သူGulfကိုလည်း ကိုယ့်ရင်သွေး
ရယ်လို့ သံယောဇဉ်မရှိ ဘယ်လို မိခင်မျိုး ဘယ်လို အိမ်ရှင်မမျိုး
သတ်မှတ်ခေါ်ရမှန်းတောင် မသိတော့တယ် ..

မိခင်ကပဲ မေတ္တာနည်းလို့လား မသိ Gulfကလဲမိခင်ဖြစ်သူအနားမကပ် ဖခင်နားပဲ
ကပ်တော့တယ် ..

ဒါပေမယ့် Gulf ဘဝက
ကံမကောင်းလှတယ် .. နေ့ညမရွေး
အလုပ်ပင်ပန်းတဲ့ ဒဏ်ကြောင့်
သူ့အလယ်တန်း အချိန်လောက်မှာပဲ
ဦးကျင်ဟန်ရောဂါဖိစီးပြီး ကွယ်လွန်အနိစ္စ ရောက်ခဲ့တော့တယ် ..

ဖခင်ကွယ်လွန်ပြီး မကြာပါဘူး Gulf တို့
အခြေယိုင်ခဲ့တော့တယ် ..
‌မနှင်းဆီဟာ အစကတည်း လက်ကြောတင်း
အလုပ်လုပ်ခဲ့သူမဟုတ်တော့
ဘယ်အလုပ်ကိုမှသူ ရေရှည် မလုပ်နိုင်တယ်

ညဉ့်ငှက်Where stories live. Discover now