CHAPTER 57 - This is the cub of our Shen Family

Start from the beginning
                                    

ကုရှင်ချွမ်းအသံကရှင်းလင်းပြတ်သားနေတယ် "အရမ်းဆူတယ် နောက်တစ်ခါဆိုတာရှိလာမှာမဟုတ်တာမို့နောက်ထပ်ဆိုတဲ့စကားကိုမပြောနဲ့"

စုန့်ရီအရမ်းဝမ်းနည်းသွားတယ်။ နှလုံးကတစ်ချက်ဆောင့်ခုန်သွားပီး ရင်ဘတ်ကတင်းကျပ်သွားတယ်။ သေချာပေါက်ပါပဲ ကုရှင်ချွမ်းကတကယ်ကြီး ကလေးတွေကိုသဘောမကျဘူး။

ဒါကကိုယ်ဝန်ရှိနေတယ်လို့ပြောရမှာရှက်စရာကောင်းတာထက်ကိုပိုပီးခက်ခဲသွားပြီ။

လူနှစ်ယောက်အတွက်အရေး​အကြီးဆုံးကနှစ်ယောက်သားအတူတူ​ပျော်ပျော်ရွှင်ရွှင်ရှိနေရင်ရပီလို့သူတွေးခဲ့တယ်။ ဒါပေမဲ့ဆင်ခြင်တုံးတရားကမထိန်းနိုင်ဘဲ အနာဂတ်ဘဝအကြောင်းတွေးမိတယ်။ ကုရှင်ချွမ်းကကလေးတွေကိုအရမ်းမုန်းတယ်။ တကယ်လို့သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတာသိသွားပီး သူကဖခင်တစ်ယောက်ဖြစ်လာမယ်ဆိုတာသိရင် ကုရှင်ချွမ်းမျက်နှာကဖြူဖျော့သွားမှာလား။

သူကပျော်ရွှင်ပေမဲ့ ကုရှင်ချွမ်းကလုံးဝမပျော်ဘူး။

စုန့်ရီဒီအခက်အခဲအတွက်နည်းနည်းကသိကအောက်ဖြစ်နေပီး ခနလောက်ဘယ်လိုရင်ဆိုင်ရမလဲမသိဖြစ်နေတယ်။

စုန့်ရီသူ့ပါးကိုယ်သူပွတ်လိုက်ပီး စိတ်အေးအေးထားဖို့သတိပေးနေရတယ်။ သူကလေးလေးကိုမွေးမယ်။ သူကလေးတွေကိုသဘောကျတယ်။ ကုရှင်ချွမ်းကသဘောမကျဘူးဆိုရင်တောင် ရှောင်ဖင်းကိုင်းလေးကိုသူစောင့်ရှောက်နိုင်တယ်။ အဲ့အတိုင်းတွေးမိတော့ သူနည်းနည်းသက်သောင့်သက်သာဖြစ်သွားတယ်။

ဘာပဲဖြစ်ဖြစ် ရှောင်ဖင်းကိုင်းကကုရှင်ချွမ်းနဲ့ဘယ်လောက်သက်ဆိုင်လို့လဲ။ ကုရှင်ချွမ်းကမျိုးစေ့ကျဲသွားခဲ့ရုံပဲ။ သူကပဲတကယ်ကြိုးစားခဲ့တာ။ အောက်တိုဘာလမှာကိုယ်ဝန်ဆောင်ခဲ့ရတဲ့လူဟာသူဖြစ်တယ်။ တံခါးကဘန်းခနဲပိတ်သွားပီး ကလေးငိုသံနဲ့ခွဲခြားလိုက်တယ်။ အခန်းကတစ်ဖန်ပြန်တိတ်ဆိတ်သွားတယ်။ စုန့်ရီကမြန်မြန်မျက်လုံးမှိတ်လိုက်ပီး အိပ်ချင်ယောင်ဆောင်လိုက်တယ်။

ကုရှင်ချွမ်းရဲ့ခြေသံတွေကအိပ်ယာနားမှာရပ်သွားပီး နှာသံပါတဲ့ရယ်သံတိုးတိုးလေးထွက်လာတယ်။ သူကစောင်အစွန်းလေးကိုမပီး စောင်ထဲဝင်ကာ ခေါင်လေးပေါ်မှာစောင်လေးတင်ထားတယ်။ နောက်တော့ သူ့ကစုန့်ရီရင်ဘတ်ပေါ်မှာကလေးတစ်ယောက်လိုလဲလျောင်းလိုက်တယ်။ ကုရှင်ချွမ်းရဲ့ခြေလက်တွေကအေးစိမ့်စိမ့်ဖြစ်နေပီး စုန့်ရီကိုလာထိတော့အေးခနဲဖြစ်သွားတော့ စုန့်ရီမထိန်းနိုင်ဘဲ တုန်ယင်သွားတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now