Chapter 51 (Unicode)

Start from the beginning
                                    

" ချီးကို ခရစ်စမတ် အားလပ်ရက်ရှည်ကြီး ပါလား... "
ဘေးတွင် ချွေးတလုံးလုံးကျနေသော လုပ်ဖော်ကိုင်ဖက်ဆီက ညည်းညူသံကို ကျွန်တော် ကြားပြီး ပြုံးလိုက်မိသည် ။

" ညည်းမနေနဲ့... မြန်မြန်လုပ် ... ငါတို့ လုပ်ရမယ့်အလုပ်တွေ အများကြီး ကျန်နေသေးတယ်... "

ကျွန်တော်သည် ယခုအခါတွင် နားရက်မရှိ အလုပ်လုပ်လေ့ရှိပြီး ညဘက်အချိန်များ၌ပင် အချိန်ပို ထပ်ဆင်းလေသည် ။
ထိုသို့သော ပင်ပန်းသည့် အလုပ်များ အတွက် တစ်ပတ်လျှင် တစ်ကြိမ် ပိုက်ဆံရှင်းပေးလေသည် ။

" ဒီနေ့ ပစ္စည်းတွေက ဘယ်အချိန် နောက်ဆုံးထားပြီး ပို့ရမှာလဲ Edd... "

" ည ရှစ်နာရီ... "

ယခုအလုပ်ကို ကျွန်တော် လုပ်နေခဲ့သည်မှာ တစ်လခန့် ရှိပြီ ဖြစ်သော်လည်း ပင်ပင်ပန်းပန်း ပစ္စည်းများ သယ်ရ ချရခြင်း နှင့် ယခုထိ အကျွမ်းတဝင် မဖြစ်လှသေး ။
အလုပ်ပြီးလေတိုင်း ကျွန်တော့်မှာ နွမ်းလျ ပင်ပန်း ကျန်ခဲ့ရသည် ။

သို့သော်လည်း ကံကောင်းသည်ဟု ဆိုရပေမည် ။
ထိုသို့အလွန်တရာ ပင်ပန်းလေသောကြောင့် ကျွန်တော့်ခေါင်းထဲတွင် သောက်ရေးမပါသော အကြောင်းများကို တွေးတောနေဖို့ အချိန်မရှိတော့ပေ ။

အလုပ်များ လက်စသတ်ပြီးလေသောအခါ ကျွန်တော့်မှာ မောလွန်းသောကြောင့် အသက်ကိုပင် ရှိုက်၍ ရှူနေရပြီး နဖူးအထက်က ကျနေသော ချွေးများကို သုတ်ပစ်နေရသည် ။

" ဟေး... Edd... ဟိုမှာ မင်းကို ခေါ်နေတယ်... သူ မင်းဆီကို ရောက်လာပြန်ပြီ ... "

လုပ်ဖော်ကိုင်ဖက်၏ စကားကြောင့် ကျွန်တော် လှည့်ကြည့်မိလိုက်တော့ ဂိုထောင် အဝတွင် ထိုသူကို တွေ့လိုက်ရသည် ။
ထိုသူက ကျွန်တော့်ကို ပြုံးလျက် ကြည့်ကာ လက်ကို ထောင်ပြပြီး လှမ်း နှုတ်ဆက်လေသည် ။

လုပ်ဖော်ကိုင်ဖက်၏ စကားကြောင့် ကျွန်တော် လှည့်ကြည့်မိလိုက်တော့ ဂိုထောင် အဝတွင် ထိုသူကို တွေ့လိုက်ရသည် ။ ထိုသူက ကျွန်တော့်ကို ပြုံးလျက် ကြည့်ကာ လက်ကို ထောင်ပြပြီး လှမ်း နှုတ်ဆက်လေသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now