Mixx အားရအောင် My ကို ရိုက်နှက်ပြီးမှ စိတ်ပြေသွားပြီး ကျောင်းကနေ အိမ်ပြန်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ ကျောင်းဂိတ်တံခါးနားရောက်တော့ မလှမ်းမကမ်းမှာ ကားရပ်ပြီးရပ်စောင့်နေတဲ့ Earthကို Mixx လှမ်းမြင်လိုက်ရပြီး အလန့်တကြားလေး ဖြစ်သွားတယ်။

Mixx--Ai My...!

Mixxက ဘေးက Myကို အထိတ်တလန့် လှည့်ပြီး ခေါ်လိုက်တော့ Myက Mixx ထက်ရိုက်ဦးမယ်ထင်ပြီး လက်ကလေးကာရင်း မျက်နှာငယ်လေး‌နဲ့ လှမ်းမေးတယ်။

My--ဘာတုန်း....!!! မရိုက်ပါနဲ့တော့ကွာ... တကိုယ်လုံး ကျိန်းစပ်နေပြီ... တောင်းပန်ပါတယ်ကွာ..နောက် မမွှေတော့ပါဘူး...

Mixx--အဲဒါ အသာထား... ဟိုမှာ... P'Oh ရဲ့ သူငယ်ချင်း ကျောင်းရှေ့ကို ရောက်လာပြန်ပြီကွ...

Mixx လက်ညိုးပြတဲ့ နေရာကို My လှမ်းကြည့်လိုက်တယ်။

Mixx--အကယ်၍ သူငါ့ကို မေးရင်...မသိဘူး...ပြန်သွားပြီလို့ ပြောပေး...!
My--ဘာလို့လဲ...?
Mixx--မင်းမွှေထားလို့ ငါ ဘယ်လိုမျက်နှာနဲ့ သူ့ကို တွေ့ရမလဲ နွား‌...ရဲ့...! ဒုက္ခပဲ...သူ့ကို ဘယ်လို ရှောင်ရမလဲ မသိဘူး... ရှက်လိုက်တာ...

Myက အကြံရသလို မျက်နှာပေးနဲ့...

My--ဒီလိုလုပ်... ငါ သူ့ကို သွားစကားပြောပြီး မင်းရှောင်လို့ရအောင် အာရုံပြောင်းထားလိုက်မယ်။ မင်းက ဟိုဘက်ပေါက်ကနေ ခိုးပြန်လိုက်... ဟုတ်ပြီလား...

Mixx--အေး..

My ပြောတဲ့အတိုင်း Mixx ကျောင်းဂိတ် ဟိုဘက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ပြေးလိုက်တယ်။ Myကတော့ ကျောင်းအရှေ့ဂိတ်ကနေ ကျော့ကျော့လေး လျှောက်လာရင်း ကျောင်းဝန်းထဲကို မသိမသာ လှမ်းကြည့်နေတဲ့ P'Oh သူငယ်ချင်းကို လှမ်းမြင်လိုက်တော့ ရိုးသားတဲ့ပုံစံနဲ့ လှမ်းနှုတ်ဆက်လိုက်တယ်။

My-- Sawaddee Krub P'Earth... ကျောင်းကို ဘာကိစ္စရှိလို့ ရောက်လာတာလဲဗျ..

Earthက ရှက်ကိုးရှင်ကန်း မလုံမလဲနဲ့ ခေါင်းကုတ်ရင်း ..

Earth--ဪ...ဟို.. ဒီဘက်ကို လမ်းကြုံလာရင်းနဲ့ အဲဒါ ... အာ...Mixxတို့ ကျောင်းဆင်းတဲ့ အချိန်ဆိုတော့ သူနဲ့တွေ့များ တွေ့မလားလို့...

Relationship & Reality (R)Where stories live. Discover now