Part-6

245 18 0
                                    

Mixx တို့ Siam Centerရောက်တော့ နှစ်ယောက်သား လျှောက်ကြည့်နေကြတယ်။ သူတို့လို ဆယ်ကျော်သက် တော်တော်များများကိုလဲ တွေ့တော့ လူငယ်ပီပီ တက်ကြွ မြူးတူးနေကြတယ်။

My--Ai Mixx... ဒီမှာ ငါတို့လို ရွယ်တူတွေ တော်တော်တွေ့ရတယ်နော်..
Mixx--အင်း...ဒီနေရာက လူငယ်တွေကြားမှာ နာမည်ကြီးပုံရတယ်။
My--ကြီးမှာပေါ့..ဈေးဝယ်စင်တာကြီးကလဲ အကျယ်ကြီး... လိုချင်တာ မှန်သမျှလဲ ရတယ်။ ပျော်စရာကြီးကွ...!!!

My တစ်ယောက် မြူးတူးခုန်ပေါက်နေတယ်။ တွေ့သမျှ ဆိုင်ထဲ ဝင်ကာ မမောနိုင်မပန်းနိုင် လှည့်ပတ်ကြည့်တယ်။ Mixx ကတော့ နာရီတကြည့်ကြည့်နဲ့ ခေါင်းကို ဆန့်ဆန့်ပြီး ဟိုကြည့်ဒီကြည့် လုပ်နေတာ My သတိထားမိတော့...

My--Ai Mixx... မင်းပုံစံက ဘာနဲ့တူလဲ သိလား...
Mixx--ဟမ်...?
My-- အိမ်ပြန်မလာသေးတဲ့ ယောင်္ကျားကို မျှော်နေတဲ့ မိန်းမကြီးနဲ့တူနေတယ်။
Mixx-- မင်းကြီးတော်...!!

Mixx လှမ်းရိုက်ဖို့ ရွယ်တော့ My လက်တကာကာနဲ့

My--ငါ ပြောတာ မဟုတ်လို့လား...မင်းက တမျှော်မျှော်နဲ့..
Mixx--ငါ ဘယ်မှာ မျှော်‌လို့လဲ..
My--မလိမ်စမ်းပါနဲ့... တချိန်လုံး ဟိုကြည့်ဒီကြည့်နဲ့ လင်ပျောက်နေတာကျနေတာပဲ..

Myကို လည်ပင်းကနေဆွဲပြီး သူ့ဗိုက်ကို နေရာအနှံ့ လိုက်ဆိတ်လိုက်တယ်။

My--အား...ယား....တေပါဘီ🥴🥴
Mixx--ထပ်ပြောကြည့်..မင်း ဗိုက်ကြောပြတ်အောင် လိမ်ဆွဲပစ်မယ်...

My-- အိုး...ယိုး... ဟင့်...အနာပေါ် တုတ်ကျဖြစ်ပြီး သူများကို လာအနိုင်ကျင့်နေတယ်..

Mixxထပ်ရိုက်ဖို့ပြင်တော့ Myက လျှာထုတ်ပြောင်ပြီး ပတ်ပြေးဖို့ လုပ်တယ်...

Earth--Mixx...!!

Mixx , Myကို ရိုက်ဖို့ပဲ အာရုံရောက်နေတော့ Earth ရောက်လာတာကို သတိမထားမိပါဘူး.. ခေါ်သံကြားမှ Mixx လှည့်ကြည့်ရင်း Myကို ရိုက်ဖို့ကြံနေတာကို ရပ်လိုက်တယ်။

Mixx--P'Earth... ရောက်လာပြီလား...
Earth-- SorryပါMixx.. Mixx တို့ ဒီကို ရောက်တာ ကြာပြီလား..

Mixx--ဪ..သိပ်မကြာသေးပါဘူး...ဝယ်ရမှာတောင် မဝယ်ရသေးဘူး... ဒီလိုပဲ ပတ်ကြည့်နေတာ..

Relationship & Reality (R)Onde as histórias ganham vida. Descobre agora