Chapter 1

9.1K 542 25
                                    

[Zawgyi]

Chapter 1 - မင်းနဲ့ငါက အစကတည်းက ဘာကံကြမ္မာမှမရှိဘူး..၊ ငါ​ငွေသုံးခဲ့တာ​ကြောင့်သာ ​တွေ့ဆုံခဲ့ရတာ။

.

“ဝုတ်~”

အဖြူနှင့်အနက်​ရောင် ဟက်စကီးတစ်​ကောင် အိပ်ယာ​ပေါ်သို့ ခုန်တတ်လာ​သောအခါ အာရုဏ်ဦးသည်လည်း ပျက်စီးသွား၏။ အိပ်ယာ​ပေါ်ကို ခုန်တတ်လာသည့် ​ပေါင်​လေးဆယ်၊ ငါးဆယ်​ခန့် ​ခွေးကြီးတစ်​ကောင်ရှိသည့် ခံစားချက်သည် ကိုယ်တိုင်​ခံစားဖူးမှသာ နားလည်နိုင်မည့်အရာဖြစ်သည်။

ဝေ့​ရှောင်သည် ဟက်စကီး၏ နင်း​ခြေမှုကိုခံ​နေရပြီး အင့်ခနဲညည်းလိုက်ရကာ လူသတ်ရန်စိတ်ကူး​တွေ​ပင် စတင်​ပေါ်​ပေါက်လာရသည်။

"ဆင်းစမ်း"

အိပ်ယာထချိန်တွင် ဖြစ်​ပေါ်တတ်​သော သူ့သခင်၏ဆိုးရွားသည့်​ဒေါသကို ဟက်စကီးက အချိန်အ​တော်ကြာထဲက ​နေသားကျ​နေပြီဖြစ်ပြီး သူ့လက်သည်း​တွေဖြင့် ​ဝေ့​ရှောင်အား တူးထုတ်​နေသည်။ ​​စောင်​အောက်တွင် ဖရိုဖရဲနှင့်ရှုပ်ပွ​နေ​သော ​ဝေ့​ရှောင်၏အနက်​ရောင်ဆံပင်​များ ​ဖော်ထုတ်ခံလိုက်ရပြီး​​နောက် သူ၏ဖြူ​ဖျော့​​ဖျော့ပါးနှစ်ဖက်၊ ​အချိန်လွန်သည်အထိ​နေခြင်း​ကြောင့်ဖြစ်​ပေါ်လာ​သော အနက်​ရောင်မျက်ကွင်းနှစ်ခုနှင့်အတူ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး လူသတ်ရန်အပန်းမကြီးသည့်အရှိန်အဝါ​တို့ ရစ်ဝဲ​လျက် ထွက်​ပေါ်လာသည်။

ဟက်စကီးက သူ့​ခေါင်းနှင့် ​ဝေ့​ရှောင်ကိုတိုး​ဝှေ့​နေ​သော​ကြောင့် ယင်းအား လုံးလုံးသတိမမူမိ​ပေ။

ဝေ့​ရှောင်၏လည်ပင်းက ခပ်စူးစူးရှိသည့်အ​မွေး​တွေ​ကြောင့် ယား​ယံ​လာ၏။

"​ဒီ​ဖေ​ဖေက မင်းလို ​ခွေးနဲ့တူတဲ့​အ​ကောင်ကို ​ဘယ်လိုလုပ်ပြီး ​​ကျွေး​မွေးထားမိတာလဲ"

စင်စစ်​ခွေးနှင့်တူသည့်ထိုအ​ကောင်က တအီအီညည်း​နေပြီး အပြင်သွားချင်​သော​ကြောင့် မ​ကျေမနပ်နှင့် ဆူပူဆန္ဒပြ​နေသည်။

ဝေ့​ရှောင်က ​ဟက်စကီး၏​ခေါင်း​ပေါ်ကို ​ဒေါသတကြီး ထု​ထောင်းလိုက်​​သော်လည်း ​ကံဆိုးချင်​တော့ တကယ့်ခွန်အားအနည်းငယ်​လေးကို​တောင်မှ အသုံးပြုရန် မသယ်​ဆောင်နိုင်ခဲ့​ချေ။ ဟက်စကီးက သူ့သခင် သူ့ကိုစ​နောက်​နေသည်ဟုထင်ပြီး လျှာထုတ်ကာ ​ဟောဟဲလိုက်​နေရင်း သူနှင့်ပိုပြီး​တောင်မှ နီးကပ်လာ၏။ ​ဝေ့​ရှောင်တစ်​ယောက် ထပ်ပြီးသည်းမခံနိုင်​တော့​သော​ကြောင့် ​စောင်ကိုမပြီး အိပ်ယာထဲမှ ထွက်လာလိုက်သည်။

Glory [MM Translation]Where stories live. Discover now