part ( 4 ) unicode

Start from the beginning
                                    

"ဦးသခင်ကျွန်တော်ဗိုက်ဆာတယ်"

"အင်း"

သခင်ဆန်းတို့ည်းနီးစပ်ရာဆိုင်တစ်ဆိုင်၌ထမင်းဝင်စားကြသည်
မိမိရေ့ကကောင်လေးကထမင်းအတော်စာပုံပေါ်နေသည်သခင်ဆန်းလည်းထမင်းစားမယ်လုပ်ခိုက်မင်းသာစံကရုတ်တရက်ဝုန်းခနဲထရပ်ကာသခင်းဆန်းလက်ကိုဆွဲ၍ဆိုင်ပြင်သို့ပြေးလေသည်။

သခင်ဆန်းမင်းသာစံဆွဲခေါ်သည့်အတိုင်းပါသွားလေသည်။

သခင်ဆန်း၏လက်သည်မင်းသာစံ၏တင်းကျပ်စွာဆုပ်ကိုင်၍ဆွဲခေါ်သွားနေသဖြင့်လေဖြင့်မထိချွေးပင်စို့နေသည်။

မင်းသာစံသည်သခင်ဆန်းအားဆိုင်ထဲကဆွဲကာအတော်ဝေးဝေးရောက်အောင်ပြေးထွက်လာပြီးနောက်တစ်နေရာအရောက်၌ရပ်လိုက်ကာသခင်ဆန်းလက်အားလွတ်ပေးသည်....

"ဟောဟဲ..ဟောဟဲ.ဟင်း"
"တောင်းပန်ပါတယ်ဦးသခင်..ဟူး"

"မင်း...ဟူး.ငါမောဖို့လည်းထားပါအုန်း..ဘာဖြစ်လို့ပြေးထွက်လာတာလဲ..ကားဆရာကောကားကောကျန်ခဲ့ပြီ.."

"သူ..သူတို့ကိုတွေ့လိုက်တယ်"

"ဘယ်သူလဲ"

"ဦးလေးရဲ့လူတေသူတို့ဒီမှာရှိတယ်"

မင်းသာစံထမင်းစားနေရင်းစားသောက်ဆိုင်အ၀၌ချိတ်ဆွဲထားသောမလှိုင်ထုပ်လေးများကိုငေးနေစဥ်အထဲ၀င်လာသောလူတစ်စုပထမုံး၀င်လာသူကိုမြင်တော့မင်းသာစံဘာမှမတွေးပဲဦးသခင်ကိုဆွဲခေါ်ပြီးပြေးလာခဲ့သည်။

သခင်ဆန်းတို့ရောက်နေသည့်နေရာသည်တည်းမည့်နေရာနင့်သိပ်မဝေးရာသခင်ဆန်းတို့လမ်းလျောက်၍သာသွားခဲ့ကြသည်။

ရောက်ရောက်ခြင်းခရီးဦးကြိုပြုသောမြတ်သာအားအကြိုးအကြောင်းပြောကာမြို့ထဲ၌ကျန်ခဲ့သောကားနှင့်ကားဆရာအားသွားရှာခိုင်းရသည်။

"သခင်ဆန်းမင်းရေနံချောင်းမှာနေရတာအဆင်ပြေတယ်ဟုပ်"

"ကိုယ့်မွေးရပ်မြေပဲပြီးတော့ငာ့အမေခေါင်းချသွားတဲ့နေရာငါ့ရဲ့ငယ်ဘ၀ကုန်ဆုံးခဲ့တဲ့နေရာပဲ....အကုန်အဆင်ပြေပါတယ်"

"အေးပါ...ဒါနဲ့အစောနဲ့ကော"

" အဆင်ပြေတယ်.. "

ရေနံံ့သာ၌Where stories live. Discover now