part ( 4 ) unicode

36 8 0
                                    


သူရဲ့မိသားစုအကြောင်းကိုပြောနေရသောကောင်လေးသည်သခင်ဆန်းမျက်စိထဲ၌အေးချမ်းကာသွက်လက်ပုံပေါ်နေဧ။်
ခနအကြာမှာသူတို့နှစ်ယောက်အိမ်ထဲပြန်ဝင်ကာကိုယ်စီအိပ်ရာဝင်ခဲ့ကြသည်။

ထိုနေ့ညကလမင်းဟာသာသည်
တစ်စုံတစ်ယောက်ဟာအေးစက်ပုံပေါ်ပင်မဲ့တစ်စုံတစ်ယောက်အတွက်မဖော်ပြတာကြာပြီဖြစ်တဲ့နွေးထွေးမှုလေးကိုဖွင့်ဟပြသခဲ့သည်ကိုတော့ဖြင့်မည်သူမျှမသိခဲ့ပါချေ။

_____________________________

မင်းသာစံတို့မနက်စာစားနေကြခြင်းဖြစ်သည်။

"မင်းသာစံငါမနက်ဖြန်ခရီးသွားစရာတစ်ခုရှိတယ်မင်းလိုက်ချင်လား"

မင်းသာစံပျော်သွားသည်ခရီးသွားသည်ဆိုသည်မှကြားသာကြားဖူးမလုပ်ဖူးခဲ့။

"ဟုပ်ဘယ်လဲဟင်ဦးသခင်"

"အဝေးကြီးမဟုပ်ဘူးသရက်ကို"

"သရက်.ကျွန်တော်ကြားဖူးတယ်အမေတို့ကုန်သွယ်ရင်းပြန်လာတုန်းကသရက်ကဧည့်သည်တေပါလာဖူးတယ်"

"အွန်း..မင်းညီမလေးအကြောင်းလဲစုံးစမ်းကြည့်လို့ရမယ့်နည်းရှာကြည့်ကြတာပေါ့"

"ကျေးဇူးပါ"

_____________________________

"မြို့ပိုင်မင်း..သူ့ကိုခေါ်သွားလို့ဖြစ်ပါ့မလား"
"သူ့နာမည်ကလွဲပြီးဘာမှသိတာလဲမဟုပ်.."

"သူငါတို့ကိုမညာဘူး"

လှသိန်းပြောမည့်စကားတောင်နင်သွားသည်။အကြောင်းအရင်းအသေအချာသက်သေတိတိကျကျမရှိသည့်သူတစ်ယောက်ကိုအိမ်ခေါ်ထားသည်မှာအန္တာရာယ်များလှသည်။နဂိုကတည်းကမှမြို့ပိုင်မင်းကိုအရေးပိုင်မင်းကသဘောမကျ။ဤကိစ္စအားအကြောင်းပြု၍မြို့ပိုင်အားစွပ်စွဲသော်ခက်လှချည်ရဲ့.......

_____________________________

သရက်မြို့.....

သခင်ဆန်းတို့မနက်အစောကြီးရေနံချောင်းမှထွက်လာခဲ့ကြသည်။
ထုံးစံအတိုင်းမင်းသာစံမှာလမ်းတစ်လျှောက်ငေး၍လိုက်လာသည်။
သခင်ဆန်းတို့စီးလာတဲ့ဂျစ်ကားလေးဟာညနေမွန်းတည့်လောက်မှသရက်ကိုရောက်သည်။

ရေနံံ့သာ၌Where stories live. Discover now