part(3)unicode

43 10 12
                                    

မင်းသာစံမနက်အစောကြီးနိုးနေပြီးအပြင်သွားရန်အသင့်ပြင်လျက်ဧည့်ခန်းထဲ၌ထိုင်ကာသခင်ဆန်းကိုစောင့်နေသည်။

မကြာပါသခင်ဆန်းကသူ့အခန်းထဲမှထွက်လာသည်။
တိုပ်ပုံအက်ျီနှင့်ဘန်ကောက်ပုဆိုးကိုဝတ်ထားခြင်းဖြစ်သည်။ဤအမျိုးသားမှာခန်းညားသည့်အရှိန်အဝါနှင့်အတူအေးစက်မှုကလည်းနောက်၌တွဲလျက်ကပ်ပါလာသည်။
သူတို့နှစ်ယောက်ခြံထဲကိုအတူတူထွက်လာခဲ့ကြသည်။

"သွားကြရအောင်မင်းသာစံ."

"ဟုပ်ကဲ့"

မင်းသာစံတို့ကမြင်းလှည်းနှင့်သွားရမည်ဖြစ်သည်။
မင်းသာစံမနေ့ကတွေ့ခဲ့သည့်မြင်းလှည်းပင်။ကြည့်ရသည်မှာဤမြင်းလဲကသခင်ဆန်းပိုင်သည့်မြင်းလှည်းဖြစ်ဟန်တူသည်။

သခင်ဆန်းတို့စထွက်လာကတည်းကမင်းသာစံဆိုသည့်ကောင်လေးဟာမြင်းလှည်းကိုကြည့်လိုက်ကိုယ့်ကိုကြည့်လိုက်လမ်းဘေးတစ်လျှောက်လိုက်ကြည့်လိုက်ဖြင့်မအားလပ်။

ဟုပ်မပေါ့အသက်အားဖြင့်၂၅နှစ်ရှိပြီးဖြစ်သောညှားယခုထက်ထိအိမ်ထဲကအိမ်ပြင်မထွက်ဖူး။

"ဒါနဲ့သခင်ဆန်းကအသက်ဘယ်နှစ်နှစ်လဲ"

"ဘာလုပ်ဖို့လဲ"

"ကျွန်တော်ထက်ကြီးနေရင်ခုလိုသခင်ဆန်းသခင်ဆန်းနဲ့ခေါ်နေတာမယဥ်ကျေးသလိုဖြစ်မှာဆိုးလို့ပါ"
"မြို့ပိုင်လို့ခေါ်ရတာလဲမကြိုက်ဘူး"

"ငါ့အသက်၃၂ကဲအဲ့တော့မင်းငါ့ကိုဘယ်လိုခေါ်မလဲ"

"အင်း...ဦးသခင်"

"မင်းခေါ်ချင်သလိုခေါ်"

မင်းသာစံတို့စျေးထဲမှအဝတ်အချို့ဝယ်ပြီးပြန်လာခဲ့ကြသည်။

._____________________________

မင်းသာစံဆိုတဲ့ကောင်လေးနဲ့အပြင်သွားပြီးပြန်ရောက်တော့အစောရဲ့မြင်းလှည်းလေးကအိမ်ရှေ့မှာနေရာယူထားသည်။

"မောင်"

"အစောရောက်နေတာပါ့ပကော"

"ဟုပ်တယ်မောင်ဒီနေ့အစောအိမ်မှာမုန့်ဟင်းခါးချက်တယ်လေ..မောင်ကြိုက်တတ်တာကိုသိလို့အစောလာပို့တာ"

ရေနံံ့သာ၌Where stories live. Discover now