ဟွန်းက ဂျယ်ယွန်းရဲ့နှဖူးရှေ့နားမှာ အုပ်အုပ်လေးဝဲကျနေတဲ့ဆံပင်တို့ကို အသာအယာသပ်တင်ပေးရင်းပြောတယ်။
"ဟင် အဲ့လိုလည်းရတယ်လား"
"ရတာပေါ့ အရူးလေးရဲ့"
နှဖူးကို လက်ညှိုးနဲ့မနာအောင် ခပ်ဖွဖွတွန်းပြီးပြောတော့ နှုတ်ခမ်းဆူနေရာကနေ မျက်နှာလေးပြန်လင်းလာတယ်။ ဟွန်းကိုမှီတွယ်ပြီးထိုင်နေရင်းမှ ချက်ချင်းကိုယ်ကိုပြန်မတ်လိုက်ပြီး လက်နှစ်ဘက်ကိုယှက်တာ သူ့ဆုတောင်းကိုတစ်တွတ်တွတ်ရွတ်တယ်။ အသံမထွက်ဘဲ ဆုတောင်းနေတာမို့လို့ ဂျယ်ယွန်းဆုတောင်းကဘာဆိုတာကို မကြားရပါ။
"ဘာဆုတောင်းတာလဲဟင် ယွန်း ငါ့ကိုပြောပြချင်လား"
"ဟင့်အင်း ငါကပြောတော့ပြောပြချင်ပါတယ် ဒါပေမဲ့ပြောပြလိုက်လို့ဆုတောင်းမပြည့်တော့ရင်ဘယ်လိုလုပ်မလဲလို့ ဟင်"
"အင်းပါ ရပါတယ် အခုများတော့ရှင်းဂျယ်ယွန်းတို့က ငါ့ကို လျှို့ဝှက်တတ်နေပြီပေါ့ အမလေး ၀မ်းနည်းလိုက်တာ"
ဟွန်းက သူ့ရင်ဘတ်ကိုလက်တစ်ဖက်နဲ့ဖိပြီး မကျလာတဲ့မျက်ရည်တွေကိုသုတ်တဲ့ပုံစံပြုလုပ်ရင်း ဒရမ်မာခင်းတယ်။ ဂျယ်ယွန်းကတော့ မင်းကိုမနိုင်ဘူး ဆိုတဲ့သဘောနဲ့ခေါင်းတစ်ခါခါ။
"မင်းလည်း ဆုတောင်းစရာရှိတယ်ဆို"
"အင်း"
ဟွန်းက ချက်ချင်းပင်မျက်နှာပြန်တည်သွားပြီး ပင့်သက်တစ်ချက်ကို လေးလေးပင်ပင်ရှိုက်တယ်။ ပြီးတော့ ကြယ်မှုန်ကြယ်စတို့ပြန့်ကျဲနေတဲ့ ကောင်းကင်ဆီကိုမျက်နှာမူတယ်။ ထို့နောက် လေပူတို့ကို မှုတ်ထုတ်ပြီးဆုတောင်းတယ်။
"တစ်ချိန်ချိန်မှာခွဲခွာရရင်တောင် နာကျင်ရမဲ့သူက
ငါဘဲဖြစ်ပါစေ"
"ဟွန်း!"
အာ ဟုတ်သားဘဲ။ ဂျယ်ယွန်းလို အသံမတွက်ဘဲဆုတောင်းလိုက်ရမှာ။ တုံးလိုက်တဲ့ ငါ။
"မင်းကငါမေ့ထားတာကို လာဆွတယ်"
မျက်ရည်တွေဝဲပြီး ဂျယ်ယွန်းကပြောတယ်။ 'မေ့ထားလို့မှ မရတဲ့ကိစ္စလေ ဂျယ်ယွန်းရာ'လို့ပြောရမဲ့အစား ပြိုလဲခါနီး ဂျယ်ယွန်းကို ရင်ခွင်ထဲထည့်ဖွက်ထားမိသည်။
UNREAL - unicode
Start from the beginning
