နံဘေးက ခါးသိမ်သိမ်တစ်ဝိုက်ကို အနွေးဓာတ်ပေးလိုပေးငြားဆွဲယူထွေးဖက်ပြီး ဆူပူသလိုပြောလိုက်တော့ ဂျယ်ယွန်းက ဖြတ်ခနဲ မျက်စောင်းလှမ်းခဲတယ်။ မကြာပါဘူး။ သူ့အာရုံအစုံဟာ ကြယ်တွေဆီသို့ ပြန်လည်သွားပြန်တယ်။
"ကြယ်တွေက တအားလှတာဘဲနော် ငါကြည့်လို့ကိုမ၀ဘူး"
"မင်းမှန်မကြည့်ဖူးဘူးလား ယွန်းငယ်"
"ဟင်"
ဒူးနှစ်ဖက်ကိုပိုက်ထားရင်း ဂျယ်ယွန်းကနားမလည်သလိုပြန်ကြည့်လာသည်။ ကျောခိုင်းထားတဲ့အခန်းထဲကအလင်းရောင်က ခပ်ဖျော့ဖျော့ထင်ဟပ်နေတာကြောင့် ဂျယ်ယွန်းရဲ့ ကြည်လင်နေတဲ့မျက်နှာလေးမှာ နွားနို့တမျှ ဖြူစင်လွန်းတဲ့ အပြစ်ကင်းစင်မှုကိုအပြည့်အ၀မြင်နေရသည်။
"ကြယ်တွေထက် မင်းကပိုလှတယ်လေ"
ဂျယ်ယွန်းရဲ့ပါးပြင်ပေါ်မှာ ပန်းနုရောင်ရှက်သွေးလေးတွေက ရှပ်ခနဲဖြတ်ပြေးသွားသည်။ ခပ်ရေးရေးလေးမြင်နေရတဲ့ ပါးချိုင့်လှလှပိုင်ရှင်က သူ့ကိုစိုက်ကြည့်နေဆဲမို့ နေရခက်စွာဘဲ အရှေ့ဘက်ကိုပြန်လှည့်တယ်။ နားရွက်ဖျားလေးတွေအထိ နီရဲနေတာက အဆက်မပြတ်တိုက်ခတ်နေတဲ့လေအေးတွေကြောင့်ဘဲလားတော့မသိပါ။
"မင်းကမှပိုလှတာကို"
ခေါင်းကိုငုံရင်း တိုးညှင်းစွာဘဲရေရွတ်လိုက်ပေမဲ့ ပူးကပ်နေကြတဲ့လူနှစ်ယောက်ကြားမှာ လုံး၀မကြားရလောက်တဲ့အထိတော့ တိုးမနေ။ ထိုစကားကိုကြားပြီး ဟွန်းက ထရယ်တော့ ပို၍ပင်အရှက်သည်းရပါသည်။
"ငါက ကြယ်ကြွေဖို့စောင့်နေတာကို ကြွေလည်းမကြွေဘူး"
ဂျယ်ယွန်းက စိတ်တိုင်းမကျသလို ခပ်ဆူဆူပြောတယ်။ ကြယ်တွေမသိကြဘူးထင်ပါရဲ့။ သူ့မှာ မွေးနေ့ဆုတောင်းစရာတစ်ခုရှိနေတာကိုလေ။
"ကြယ်တွေကိုမသနားဘူးလား ယွန်းငယ်ရဲ့ သူတို့ကြွေတာကို လူတွေကမြင်တာနဲ့အလုအယက်ဆုတောင်းကြတေ့ သူတို့စိတ်မကောင်းဖြစ်နေမှာပေါ့"
"သနားတော့ သနားတာပေါ့ ဒါပေမဲ့-"
"ငါလည်းဆုတောင်းစရာရှိတယ် ကြယ်ကြွေဖို့မစောင့်ဘဲ အခုမြင်နေရတဲ့ကြယ်တွေဆီမှာဘဲဆုတောင်းမယ်လေ ငါနဲ့အတူတူ။ ကြွေတဲ့ကြယ်လေးတွေဆီမှာတောင် ဆုတောင်းလို့ရတာဘဲ ကောင်းကင်မှာရှိနေသေးတဲ့ကြယ်တွေဆီမှာဆိုပိုပြီးဆုတောင်းပြည့်မယ်မထင်ဘူးလား"
UNREAL - unicode
Start from the beginning
