ဟွန်းကိုမျက်နှာချင်းဆိုင်ဖို့ အနောက်ဘက်ကိုမျက်နှာမူလိုက်တဲ့ ဂျယ်ယွန်းဟာ ‌အမေ့ကိုရေခဲမုန့်၀ယ်ပေးဖို့ ပူဆာခါနီးကလေးလေးတစ်ယောက်လိုမျိုး။ အဆူခံရမှာဆိုးလို့ တစ်ခုခုပြောဖို့ကို အချိန်ယူစဉ်းစားနေသလို။

"မင်း မဟုတ်မှလွဲရော အရက်သောက်ချင်တယ်တော့မပြောနဲ့နော်"

ဟွန်းက သူ့အမူအရာကိုအကဲခတ်ပြီး အလန့်တကြားထအော်တော့ ဂျယ်ယွန်းအလိုလို မျက်နှာကိုရှုံ့မဲ့လိုက်မိတယ်။ ပေါက်ပေါက်ရှာရှာ အရက်တိုက်ဖို့ပူဆာမယ်ထင်တယ်တဲ့။ တွေးလည်းတွေးတတ်ပါပေတယ်။

"ဘာတွေလျှောက်ပြောနေတာလဲ အရူးကောင်ရဲ့"

အနည်းငယ်တောင့်တင်းနေတဲ့ ရင်အုံကျယ်ကျယ်ကို မနာ‌အောင်အသာထုရိုက်ရင်း မျက်စောင်းထိုးတော့ ဟွန်းကသဘောတကျရယ်တယ်။

"ဒီလောက်ပြောဖို့တွန့်ဆုတ်နေရင် ထပ်ပြီးတော့ကြယ်တွေဘဲမလား"

"ဟီးဟီး ဟွန်းကလည်း ငါကဟိုးအရင်ထဲကအဲ့လိုထိုင်ပြီးကြယ်တွေကိုကြည့်ချင်တာ ပြီးတော့-"

စကားကိုဆုံးအောင်မဆက်သေးဘဲ ဟွန်းရဲ့တုန့်ပြန်မှုအခြေအနေကိုစောင့်ကြည့်ပေမဲ့ ဟွန်းက မျက်ခုံးထူထူတို့ကိုမသိမသာတွန့်ချိုးပြီးသာ သူ့ကိုစိုက်ကြည့်နေသည်။ ဂျယ်ယွန်းက မဝံ့မရဲနဲ့ဘဲ တံတွေးမျိုချလိုက်တော့ လှုပ်ခနဲအပေါ်အောက်ရွေ့လျားသွားတဲ့ အာဒံပန်းသီးလေးဆီကို ဟွန်းရဲ့အကြည့်တွေဆိုက်ရောက်တယ်။

"ပြီးတော့ မင်းနဲ့လည်းတူတူထိုင်ချင်လို့ မင်း‌ဘဲကတိပေးထားတာကို ငါ့မွေးနေ့ကျကြိုက်တာပေးလုပ်မယ်ဆိုပြီးတော့ နော် လို့ ဟွန်း"

"အပြင်မှာက လေစိမ်းတွေအရမ်းတိုက်တာကို ဂျယ်ယွန်းရာ မင်းအအေးမိပြီးဖျားသွားရင်ဘယ်လိုလုပ်မလဲ ပြော"

"ဟွန်းကလည်း လုပ်ပါ တစ်ခါဘဲလို့ ငါ့အခန်းထဲကကြည့်တာတောင် ကြယ်တွေကတအားလှတာကွ ဘာလဲ မင်းက...မင်းက ငါ့ကိုမကြည့်စေတာမလား အကျင့်မကောင်းတာ"

သူသိပါသည်။ ငိုမဲ့မဲ့နဲ့ လေးတွဲ့စွာပြန်ပြောတဲ့ဂျယ်ယွန်းကို ဟွန်းမလွန်ဆန်နိုင်မှန်း။ မျက်ရည်လေးဝိုင်းပြရင် ဟွန်းကချက်ချင်းစိတ်ပြောင်းသွားမှာကို သူသိတာပေါ့။

UNREAL || jakehoonWhere stories live. Discover now