"မလုပ်ပါနဲ့ကွာ မင်းကလည်း"
အစ်ကို့အစား ပြန်ချပေးမယ်တစ်ကဲကဲလုပ်နေတဲ့ ကြောင်ပေါက်စကို သူတားထားလို့သာ အခုထိဘာပြဿနာမှရှိမလာတာ။ ဂျောင်၀န်းနဲ့ ဟွန်းများပေါင်းမိရင် သူ့ကိုကျောင်းမှာနည်းနည်းလေးမှထိရဲကြတော့မှာမဟုတ်။ တစ်ခါတစ်လေတော့လည်း သူတို့နှစ်ယောက်ရှိနေပေးတယ်ဆိုတဲ့ အသိက ဂျယ်ယွန်းရဲ့မနက်ဖြန်တွေအတွက် အားအင်တစ်ခုကိုပေးသည်။
ꕥ
ဂျယ်ယွန်းရဲ့ ဆယ့်ခုနှစ်နှစ်ပြည့်မွေးနေ့။ ညနေ ကျောင်းကနေပြန်ရောက်ထဲက ရေမိုးချိုးပြီးသူ့စိတ်ထဲအလှဆုံးလို့ထင်ရတဲ့ ရောင်စုံအစင်းကြားလေးတွေနဲ့ သိုးမွှေး sweater vest ကို အောက်ကအဖြူရောင်အင်္ကျီလက်ရှည်နဲ့ တွဲ၀တ်ထားသည်။
အ၀တ်ဗီဒိုကိုစိတ်တိုင်းကျမွှေနှောက်ပြီးတဲ့နောက် မှန်ရှေ့မှာရပ်ရင်း အနည်းငယ်မသပ်မရပ်ဖြစ်နေတဲ့ ဆံနွယ်တွေကို လက်နဲ့ဘဲပုံသွင်းလိုက်သည်။
"ပဲများနေလိုက်တာကွာ လှနေပြီကို"
၀တ်နေကျတွေထက် မဆိုစလောက်လေးကြီးနေတဲ့ အင်္ကျီအောက်မှာ မြုပ်နေတဲ့ ဂျယ်ယွန်းရဲ့ခန္ဓာကိုယ်သေးသေးလေးက ရုတ်တရက်အနောက်ကနေ သိုင်းဖက်ခံလိုက်ရတာမို့လို့ တုန်ခနဲဖြစ်သွားသည်။
"အာ ဟွန်း...အသံလေးဘာလေးပေးမှပေါ့ လန့်လိုက်တာ တကယ်ပါဘဲ"
"ဟတ်ပီဘတ်ဒေး ဂျယ်ယွန်းနီး"
ရစ်ပတ်ထားတဲ့ လက်မောင်းတို့ကိုမဖြည်ပေးသေးဘဲ နားရွက်နားကိုကပ်၍တိုးဖွဖွပြောတော့ လေငွေ့နွေးနွးတို့က လည်ဂုတ်နားတစ်ဝိုက်ကိုရိုက်ခတ်သည်။ ထိုစက္ကန့်ပိုင်းလေးမှာဘဲ ကြက်သီးမွှေးနုလေးတွေက ဖြန်းခနဲ။
တူတူရှိလာတာဘယ်လောက်ကြာကြာ ဟွန်းရဲ့ထွေးပွေ့မှုတို့နဲ့ နူးနူးညံ့ညံ့အထိအတွေ့တို့က ဂျယ်ယွန်းကိုရင်တစ်သိမ့်သိမ့်ခုန်အောင်ပြုစားနိုင်ဆဲ။ အသားမကျသေးတာလားဆိုတော့လည်း မဟုတ်ပြန်။
"ဟွန်း မင်းပြောထားတယ်မလား ငါ့မွေးနေ့ကျရင် ငါလုပ်ချင်တာပေးလုပ်မယ်ဆိုပြီးလေ"
UNREAL - unicode
Start from the beginning
