'ဒေါက် ဒေါက်'

"ခဏလေးနော် ဂျောင်၀န်းထင်တယ်"

စာအုပ်ပုံကိုခွကျော်ပြီးတံခါးထဖွင့်တော့ ဂျောင်၀န်းက တံခါး၀ကနေ သူ့ကို‌ကျော်ပြီးအခန်းထဲကိုခေါင်းပြူကြည့်တယ်။

"ကျွန်တော့်အခန်းဘက်ကနေ ရယ်သံကြားလိုက်လို့ အစ်ကိုကာတွန်းစာအုပ်ဖတ်နေတာလား"

"ဟင် အ-အင်း ဘာလို့လဲ ၀န်းနီး"

"ဘာမှမဟုတ်ပါဘူး စိတ်ပူလို့လာကြည့်တာ။ ဆေးသောက်ဖို့မမေ့နဲ့ဦးနော် အစ်ကို ‌ညဆေးရောသောက်ပြီးပြီလား"

လက်ညှိုးတစ်ညွှန်ညွှန်နဲ့ လူကြီးပေါက်စလေးလိုသတိပေးနေတဲ့ ဂျောင်၀န်းရဲ့ပါးဖောင်းဖောင်းလေးတွေကိုအသည်းယားစွာ ဖျစ်ညစ်မိတော့ နှာခေါင်းရှုံ့သွားတယ်။

"သောက်ပြီးပါပြီဆို ကဲပါ သွားအိပ်တော့ သွား"

ဂျောင်၀န်းပြန်သွားလို့ စားပွဲခုံကိုပြန်အထိုင်မှာ သူ့ဘေးက မျက်နှာကိုတမင်ဆူပုတ်ထားတဲ့ဟွန်းကိုတွေ့တော့ ခွီးခနဲရယ်ချလိုက်တယ်။ အလကား စိတ်လည်းမကောက်တတ်ဘဲနဲ့။

"အဲ့ရုပ်ကြီးက ဘာဖြစ်နေတာ"

"ဘာလာလုပ်တာလဲ အဲ့တစ်ယောက်က"

"ဪ ဘာမှမဟုတ်ပါဘူး ငါ့ကိုသတိရလို့တဲ့လေ"

ဂျယ်ယွန်း ရုပ်ကိုတမင်တည်လိုက်ပြီး စလိုက်တော့ ချက်ချင်းဆိုသလိုဘဲ သူ့ကိုကျောခိုင်းသွားတဲ့သူ။ ‌များ‌သောအားဖြင့် စိတ်ဆိုးစိတ်ကောက်တတ်တဲ့သူက ဂျယ်ယွန်းဆိုပေမဲ့ ဟွန်းကလည်း တစ်ခါတစ်လေစိတ်ကောက်ချင်ယောင်ဆောင်တတ်သေးတာ။ အထူးသဖြင့် ‌ဂျောင်၀န်းနဲ့ပတ်သက်လာရင်။

အပေါင်းအသင်းမရှိတဲ့သူ့အဖို့တော့ အဆောင်ကဘေးအခန်းမှာနေတဲ့‌‌ဂျောင်၀န်းက ညီငယ်လေးတစ်ယောက်လိုမျိုး။ ကျောင်းတူပေမဲ့ သူကဂျောင်၀န်းထက်တစ်နှစ်ခွဲလောက်ကြီးတာမို့ အတန်းတော့မတူပါ။

"အဲ့စီနီယာတွေကို ကျွန်တော်တစ်ခါလောက်ဆော်ပေးရမလားဟင် ‌အစ်ကို"


ကျောင်းဆင်းတိုင်း အိမ်ကိုတူတူပြန်ဖြစ်တဲ့နေ့တွေဆို ‌ဂျောင်၀န်းကလက်သီးတစ်ပြင်ပြင်နဲ့ပြောလေ့ရှိတယ်။

UNREAL || jakehoonWhere stories live. Discover now