သူကတော့ ရစရာမရှိအောင်လျှောက်ခြစ်ထားကြတဲ့ စားပွဲခုံနဲ့အသားကျနေပါပြီ။ Lockerထဲက အမှိုက်တွေကိုလည်း အမှိုက်ပုံးထဲပြောင်းထည့်လိုက်ရင်ဖြစ်တာဘဲ။ ‌ကျောင်းဆေးခန်းကသူနာပြုဆရာမဆီကို သူသောက်တဲ့ဆေးအချို့အပ်ထားတာတာမို့လို့ ကျောင်းသားတွေဖွက်ထားကြလည်း ‌ဆေးပေးခန်းကိုပြေးလို့ရသည်။ တစ်ခါတစ်လေ သူနာပြုဆရာမမရှိတဲ့အခါ နေ့ခင်းဆေးမသောက်ရရင် နှလုံးအောင့်လာတတ်တာလေးတစ်ခုဘဲ။ အဲ့လိုအချိန်ဆို မခံမရပ်နိုင်လောက်အောင် အောင့်တက်လာတဲ့ရင်ဘတ်ကိုတစ်ဗုန်း‌ဗုန်းထုရင်း အိမ်သာထဲကြိတ်ငိုခဲ့ရတာကတော့ ခြွင်းချက်။ ဆရာမတွေကိုပြောလို့ သူတို့မှဘာမှမလုပ်ပေးနိုင်တာလေ။ သူများတွေလို မိဘမျက်နှာနဲ့ဖားလို့လည်းမရဘူးမလား။

ဒါ‌တွေကို သူမပြောပြလဲ ဟွန်းကဘယ်လိုသိသိသွားလဲဆိုတာ အဖြေရှာမရပါ။ တစ်ခါတစ်လေ ဘာလို့ငြိမ်ခံနေရတာလဲဆိုပြီး ဟွန်းဆီကအဆူခံရတယ်။ ဟွန်းက သူ့ကိုမထိခိုက်စေချင်လို့ဆူတာကို သူနားလည်ပါတယ်။

အဆူခံရလို့ ဂျယ်ယွန်းကနှုတ်ခမ်းလေးဆူပြီး ခေါင်းငုံ့သွားရင် သူ့ကိုတင်းတင်းကျပ်ကျပ်ဖက်ပြီး ပြန်ချော့တယ်လေ။ တစ်ခါတစ်လေဆို အနွေးဓာတ်တွေပြည့်လျှံနေတဲ့ ဟွန်းရဲ့ထွေးပွေ့မှုကို တမ်းတမ်းတတလိုချင်လို့ တမင်တကာ စိတ်ကောက်ချင်ယောင်ဆောင်မိပါသေးတယ်။


"ငါက မင်းအနားမှာအကြာကြီးနေပေးချင်တာ"

ဂျယ်ယွန်းစာလုပ်နေတုန်း ဟွန်းက ဘေးကနေထိုင်စောင့်ပေးရင်း ရုတ်တရက်ကြီးထပြောတယ်။ သူတို့နှစ်ယောက်ကိုတော့ ဂျယ်ယွန်းရဲ့ရှုပ်ပွနေတဲ့ကျောင်းစာအုပ်တွေက ၀န်းရံထားတယ်။

"ငါလည်းမင်းကိုဘယ်မှမသွားခိုင်းပါဘူး ပြန်ဆွဲထားမှာ ဒီလို ဒီလို"

ဟွန်းရဲ့လက်ကိုသူ့ဘက်ဆွဲယူပြီး ဆူပုတ်ပုတ်လေးပြန်ပြောတော့ ဟွန်းက သူသဘောကျတဲ့ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ရေးရေးလေးနဲ့ သွားစွယ်လေးတွေပေါ်တဲ့အထိရယ်တယ်။ ဟွန်းက သိပ်ပြုံးလေ့မရှိလို့ ရှားရှားပါးပါးရယ်တဲ့အချိန်တွေဆို သူငေးခနဲပါဘဲ။ သိပ်လှတာကိုး။

UNREAL || jakehoonWhere stories live. Discover now