အပိုင်း(၃၃)နောင်တ

Start from the beginning
                                    

နေအဂ္ဂါက အတင်းကုန်းရုန်းထပြီးတော့

"ကလေးတွေကိုရေချိူးပေးရဦးမယ်"ဆိုပြီး ပလုံးပထွေးပြောလာသည်

ညဏ်းဧကရာဇ်နေအဂ္ဂါကို အတင်းဆွဲချပြီး သူ့ရင်ခွင်ထဲပြန်သိပ်ထားလိုက်သည်

"အိပ်ရေးဝအောင် ထပ်အိပ်ဦး ကလေးတွေကကျောင်းရောက်လို့စာတောင်သင်နေလောက်ပြီ"

နေအဂ္ဂါ အိပ်ချင်မူးတူးဖြစ်နေ၍လားမသိ ဟိုးအရင်အချိန်တွေတုန်းကလို သူ့ရင်ဘက်ပေါ်မျက်နှာအပ်ထားရုံမက နေအဂ္ဂါခြေထောက်တစ်ဖတ်က သူ့ခြေထောက်နှစ်ချောင်းကြားကိုတိုးဝင်လာသည် ခြေချောင်းတွေက တစ်ခုနဲ့တစ်ခု ယှက်နွယ်နေကြပြီး မနက်အိပ်ယာထစအချိန်ဖြစ်၍ သန်သန်မာမာယောက်ျားနှစ်ယောက်ရဲ့ အရှေ့အလယ်ပိုင်းရပ်ဝန်းနားက ခပ်ကြီးကြီးမြွေနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် ဘဗျင်းထောင်ရင်း မာန်ဖီသည် နေအဂ္ဂါ ဦးနှောက်ကထိုအချိန်မှနိုးကြားလာပုံပေါ်သည် မှေးမှိတ်နေတဲ့မျက်ဝန်းတွေက ပြူးကျယ်လာပြီးနောက်မှ အော်... ဒါကဒီလိုပါလားလို့ စဥ်းစားမိသွားပုံပေါ်သည် မျက်တောင်တစ်ချက်နှစ်ချက်ခပ်၍ ညဏ်းဧကရာဇ်အား ဘာဖြစ်သလဲ ဆိုတဲ့အထာနဲ့ ကြည့်ရှုသည်

"ကိုကို မဟုတ်လွဲရော မင်းငါ့ကိုအိမ်မက်မက်နေတာမဟုတ်ဘူးလား"

ညဏ်းဧကရာဇ်က နေအဂ္ဂါရင်ဘက်ကို လက်ညှိုးနဲ့ တစ်ချက်နှစ်ချက်တို့ရင်း ကလူကျီဆယ်လိုက်တယ်

"ငါမင်းကိုကူညီပေးမယ်လေ အဲ့ဒီ့အစား မင်းငါ့ကိုချစ်တယ်လို့ နောက်တစ်ခေါက်ထပ်ပြောပေးနိုင်မလား"

"ကိုယ့်ညာလက်က အကောင်းကြီးရှိသေးတယ် မင်း ဖယ်"

နေအဂ္ဂါက သူ့ကိုယ်မှာ ကပ်တွယ်နေတဲ့ ညဏ်းဧကရာဇ်ကို ဆွဲခွာလိုက်ပြီး ထထိုင်ဖို့ပြင်တယ် ညဏ်းဧကရာဇ် နေအဂ္ဂါလက်မောင်းကို အချိန်မှီ
ဆောင့်ဆွဲပြီး သူ့ကိုယ်အောက်မှာလှဲသိပ်လိုက်တယ်

"အလကားလုပ်ပေးမယ်ဆိုရင်ရော"

"မလိုဘူး...ကျေးဇူး"

နေအဂ္ဂါ သူ့ကိုအုပ်မိုးထားတဲ့ ညဏ်းဧကရာဇ် လက်ထဲကထဖို့ပြင်လိုက် ညဏ်းဧကရာဇ်က ပြန်ဆွဲချလိုက်နဲ့ အဖြစ်အပျက်က လုံးလည်ချာလည်လိုက်နေတယ် နောက်ဆုံး ညဏ်းဧကရာဇ် နေအဂ္ဂါကိုချုပ်ထားလိုက်နိုင်တယ်

Before I Fall You[Completed]Where stories live. Discover now