🇰🇷

712 148 44
                                    


"ယန်းဂျောင်ဝန်းက ဘာဖြစ်နေတာလဲ ဝမ်းချုပ်နေတာလား"

အရွှန်းဖောက်ပြီးမေးလာတဲ့ နီခီ့စကားကိုလည်း ပြန်မရယ်အား၊ စိတ်မတိုအားတဲ့ ဂျောင်ဝန်းကတော့ တစ်လှမ်းတစ်လှမ်းကို ခဲဆွဲထားသလိုမျိုး ခြေလှမ်းတွေနဲ့အတူ စာသင်ဆောင်ရှိရာကိုဦးတည်လျက်။

ဆောနူကတော့ လမ်းလျှောက်ရင်းနဲ့ပင် မှန်တစ်ချပ်ကိုလေထဲမှာထောင်ကာ အသစ်စက်စက်ဆိုးလာတဲ့ သူ့ရဲ့ရွှေအိုရောင်ဆံပင်တွေက တသသ။

စိတ်ပုံမှန်သာမန်လူနဲ့နည်းနည်းတောင် မတူတဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး နီခီတစ်ယောက် ကိုယ့်ကိုယ်ကိုယ်ပါ ဂြိုဟ်သားလိုလိုခံစားလာရသည်။

"ဟေ့ရောင်တွေ နည်းနည်းလောက်အဖတ်လုပ်ပါဦး မင်းတို့က ဘာဖြစ်နေကြတာလဲ"

"ငါကဘာဖြစ်နေလို့လဲ"

မှန်ကိုချလိုက်ပြီးတဲ့နောက် ဟန်ပါပါပြန်ရန်တွေ့လာတဲ့ ဆောနူစကားကို ဟီးခနဲဖြီးပြရင်း ခေါင်းကိုစပ်စပ်ခါယမ်းပြမိတဲ့အခါ အလယ်ကနေ ဂျောင်ဝန်းရဲ့ ဟူးခနဲလေသက်ပြင်းချသံကြီးက ဆူနာမီလှိုင်းသံကြီးလို ထပ်လန့်ဖွယ်ရာ။

မျက်လုံးတွေကလည်း ဦးတည်ရာမရှိ ငေးဆွေးနေတဲ့ ယန်းဂျောင်ဝန်းဟာ ပုံမှန်သူတိူ့သူငယ်ချင်း ဂျောင်ဝန်းနဲ့တော့ အတော့်ကိုကွာခြားနေတာမို့ နီခီ့မှာအထူးတဆန်းဖြစ်နေရသည်။

အရင်ကဆို ပေါက်ပေါက်ဖောက်ပြီး စကားတွေတရစပ်ပြော၊ ကပ်ကပ်လန်ရန်တွေ့တတ်တဲ့သူက ဒီနေ့မှ ဒီလိုကြီး အစားမစားရတဲ့မျက်နှာနဲ့ဖြစ်နေတော့ ဘေးကနီခီ့ပါ နေရတာ မယိုးမယွ။ တစ်ခုခုမှားနေသလိုခံစားရတာကိုး။

"ယား မင်းဘာဖြစ်နေတာလဲလို့"

စိတ်ပေါက်ပေါက်နဲ့ အော်မေးမိတဲ့အခါ လက်ကိုင်မှန်ထဲခေါင်းဝင်တော့မတတ်တဲ့ကြည့်နေတဲ့ ဆောနူကမျက်လုံးကိုလှန်လာပြီး

"သူ့ဘဲကြီးနဲ့ အဆက်အသွယ်မရလို့တဲ့"


"ဘဲ? ဘယ်ကဘဲလဲ"

"အော်ဇီက ဂျိတ်ခ်ဟျောင်းပေါ့ ငါ့မှာဘယ်နှယောက်ရှိနေလို့လဲ!"

ENCOUNTER|JAKEWON (Oneshot)Место, где живут истории. Откройте их для себя