"အွန်း..ကျေးဇူးပဲအစောမောင်လဲအစောရဲ့ပဲမှုန့်ဟင်းရည်နဲ့မုန့်ဟင်းခါးကိုစားချင်နေမိတာနဲ့အတော်ပဲ"

မင်းသာစံအရှေ့၌စကားပြောနေကြသူများကိုမင်းသာစံကြည့်ရင်းသိလိုက်တာကဦးသခင်ဟာမျက်နှာနှစ်မျိုးနဲ့သူမိန်းမတေနဲ့ကြမျက်နှာတစ်မျိုးမင်းသာစံကိုစကားပြောလျှင်မျက်နှာတစ်မျိုး....
မင်းသာစံအတွေးထဲမျောနေခိုက်

"မောင်..မောင့်နောက်ကသူက.."

"အစောသူ့နာမည်ကမင်းသာစံမောင့်ရဲ့အမျိုးပါ"

အစောကြောင်သွားသည်မောင်ဟာမောင်အမေဘက်မှကောအဖေဘက်မှအမျိုးအဆွေများနဲ့အဆက်အဆံမလုပ်သည်မှာမောင့်မေမေဆုံးပြီးကတည်းကဆို၅နှစ်ရှိခဲ့လေပြီခုလူကမောင်အမျိုးဟုမောင်ပြောသော်ညှားအစောမယုံချင်သို့ရာတွင်မောင့်ကိုယုံသည့်ဟန်သာလုပ်၍မင်းသာစံဆိုသူအားနှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်လူကြီးမင်း"မင်းသာစံ"."

"ဟုပ်ကျွန်တော်လည်းဝမ်းသာပါတယ်မစောမြ"

ကျွန်တော်နှင့်ဦးသခင်အိမ်ထဲသို့အတူဝင်လာကြသည်စောမြဆိုသည်သူကအိမ်ရှေ့၌ပင်နှုတ်ဆက်ထွက်ခွာသွားသည်

"မင်းသာစံမင်းအဝတ်အစားလဲပြီးရင်ထမင်းစားခန်းထဲလာခဲ့မြို့ပတ်လာတော့မင်းလည်းဗိုက်စာနေလောက်ရောပေါ့"

"လာခဲ့မယ်ဦးသခင်ကျွန်တော်လည်းဗိုက်စာနေပြီ"

စားပွဲပေါ်၌ဟင်းရည်ဖြူပျစ်ပျစ်နှင့်မုန်ဖတ်များကိုတစ်ပန်းကန်စီခွဲထည့်ထားသည်မင်းသာစံဟာငယ်စဥ်ကတည်းကအိမ်ထဲမှအိမ်ပြင်ထွက်ခွင့်မရှိအိမ်မှာသာနေမိခင်နှင့်ဖခင်ညီမလေးတို့နှင့်သာပြည့်စုံခဲ့သည်ဤသည်ကိုကမ္ဘာလို့သတ်မှတ်ခါနေထိုင်လာသည်မှာ၂၅နှစ်
ပဲမှုန့်နှင့်ချက်သောမုန့်ဟင်းခါးသည်မင်းသာစံအကြိုက်ဆုံးပင်မင်းသာစံရဲ့မိခင်ဟာအခြားသူများကဲ့သို့မဟုပ်စီးပွားရှာရသည်ကိုဝါသနာပါသည်။အမေကအဖေနဲ့အတူကုန်သည်လုပ်သည့်အတွက်အိမ်မှာသိပ်မနေအိမ်မှမိသားစုစုံလျှင်ပဲမှုန့်ဟင်းရည်ချက်ခါမုန့်ဖတ်နှင့်စားကြသည်ထိုအချိန်များဟာလွန်ခဲ့ပြီပြန်မရနိုင်တော့...မင်းသာစံတွေးရင်းမျက်ရည်ဝဲလာသည်။

"မင်းသာစံမစားဘူးလား"

"စားမှာပါဗျဦးသခင်ရဲ့"

သည်ကောင်လေးအိမ်ကိုလွမ်းသည်ထင်...မုန့်ဟင်းခါးဟင်းရည်ကိုကြည့်ပြီမျက်ရည်ဝဲနေသည်။

____________________________

မင်းသာစံအခန်းပြတင်းဝမှနေ၍ကောင်ကင်အားကြည့်နေမိသည်အချိန်ကုန်သည်မာှအလွန်မြန်ဧ။်မင်းသာစံဦးသခင်အိမ်ကိုရောက်သည်မှတစ်ပတ်ရှိပြီဒဏ်ရာလဲပျောက်နေပြီဖြစ်ရာသူပြန်ချိန်နီးလာလေပြီ..
သူတေွးနေခိုက်အိမ်ပေါက်ဝမှနေ၍လူအရိပ်.....

"မင်းအခုဘယ်သွားမလို့လဲ"

မင်းသာစံသိချင်၍ခြံဆင်းဖို့တံခါးဝအရောက်ပေါ်လာသည့်ဦးသခင်

"ဟိုဟာ...ခြံရှေ့လူရိပ်"

"အဲ့ဒါငါ"

"လာခဲ့မင်းမအိပ်ချင်သေးရင်အိမ်ခေါင်းရင်းမှာထိုင်ရင်းစကားပြောရအောင်"

"..........."

"မင်းဒဏ်ရာသက်သာပြီလား"

"ဟုပ်ပျောက်ပြီထင်ရတာပါပဲ"

"မင်း...."

"ဘာပြောမလို့လဲဟင်"

"အခုမင်းအခြေအနေကပြန်စရာအိမ်လဲမရှိမင်းရဲ့ညီမလေးဘယ်မှာမှန်းလဲမသိအဲ့တော့မင်းသာအဆင်ပြေရင်ဒီမှာဆက်နေလို့ရတယ်"

"ဟုပ်ကျေးဇူးပါဦးသခင်"

ပြံုးရွှင်စွားဖြင့်ခေါင်းတစ်ဆက်ဆက်ငြိမ့်ကာပြောနေသောကောင်ကလေးဧ။်ပုံရိပ်ဟာအေးချမ်းသည်
သူရဲ့မျက်လုံးများကလရောင်အောက်၌တောက်ပကာကြည်လင်နေဧ။်

"ရပါတယ်ငါအိမ်မှာလူတစ်ယောက်စာပိုလာရုံပဲ"

သခင်ဆန်းမင်းသာစံကိုကြည့်ရင်းပြံုးမိဧ။်ဤကလေးသည်အရူးနှင့်တူသည်

"ဦးသခင်ကျွန်တော်လေအိမ်ကိုလွမ်းတယ်"

"မင်းဒါကပထမဆုံးအိမ်ပြင်ထွက်ဖူးတာလား"

"ဟုပ်တယ်"

"မင်းပြောဖူးတယ်စာသင်ဖူးတယ်လို့လေ"

"ဟုပ်တယ်ကျွန်တော့အမေကရန်ကုန်ကလေအဖေနဲ့တွေ့ပြီးလို့သာကျောက်ရဲကိုပြောင်းလာခဲ့တာ"
"သူကအရမ်းလှတယ်ဖေဖေကအရမ်းတည်တယ်ကျွန်တော်နဲ့စကားအများကြီးမပြောဖူးဘူးကျွန်တော့်ညီမလေးကအရမ်းဆော့တယ်ကျွန်တော်တို့မောင်နှမနှစ်ယောက်လု့းအိမ်ထဲကအိမ်ပြင်မထွက်ဖူးဘူးဒါမဲ့အပြင်လောကမှာဘာတေဖြစ်နေလဲအကုန်ကျွန်တော်တို့ကိုပြောပြတယ်သင်ပေးတယ်"

____________________________

12,8,2021
Up-thu-fri

1935မြန်မာနိုင်ငံလွန်လပ်ရေးအတွက်ကြိုးစားနေစဥ်ကာလအပိုင်းအခြား



ရေနံံ့သာ၌Where stories live. Discover now