The Same as...the end Uni

Comenzar desde el principio
                                    

"မဟုတ်မှ.. သူ့ချစ်သူကိုပဲရွေးကြောင်းပြောလိုက်တာလား "

"အင်း... မမေးနဲ့တော့"

JaeHyuk က မျက်နှာကိုပြတင်းပေါက်ရှိရာဘက်သို့လှည့်ရင်း သက်ပြင်းနှင့်အတူလေပူကိုမှုတ်ထုတ်လိုက်သည်
Asahi ကတော့ လိုချင်တဲ့အဖြေရလို့ ပျော်နေတဲ့မျက်နှာကိုမသိသာအောင်မနည်းထိန်းထားရသည်

"အခုငါလာတာအကြောင်းရှိတယ် "

"ဘာအကြောင်းလည်း"

"ငါ HyunSuk မဟုတ်ဘဲ တခြားတစ်ယောက်ကိုချစ်မိနေပြီ
အဲ့တာ ငါ့အမေကိုသေချာခွင့်တောင်းချင်လို့ "

"အဲ့ဒါ မင်းအမေဆီမသွားဘဲဘာလို့ငါ့ဆီလာလည်း"

လေသံလေးနည်းနည်းအပြောင်းအလဲဖြစ်သွားသော Asahi ကိုမရီမိအောင် JaeHyuk မနည်းထိန်းထားရသည်

"မင်းက ငါ့သူငယ်ချင်းလေ မင်းကိုလည်းတိုင်ပင်ရမယ်လေ"

"ဘယ်သူလည်း မိန်းခလေးလား ယောကျာ်းလေးလား ချောလား ဘယ်မှာနေတာလည်း သူ့အိမ်ကရောမင်းနဲ့သဘောတူလား "

"သေလောက်အောင်ကိုချောတာ...သူ့အိမ်ကတော့ပြောစရာမလိုလောက်ပါဘူး အဆင်ပြေမယ်ထင်တာပဲ "

*JaeHyuk ရာ မင်းဘာလို့ငါ့ကိုအမြဲမျှော်လင့်ချက်တွေပေးနေနိုင်ရက်တာလည်း *

"ငါလာခဲ့မယ် မင်းတို့မဂ်လာပွဲကို....ငါတို့ကသူငယ်ချင်းတွေပဲ"

"ငါ....မင်းနဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး "

JaeHyuk ကထထိုင်ပြီးပြောလိုက်တာကြောင့် Asahi က
အံ့ဩသလိုနဲ့ လှည့်ကြည့်လာသည်

"ငါမင်းရဲ့ချစ်သူဖြစ်ချင်တာ "

*ဟူး....စကားကိုကောင်းကောင်းပြောရင်သေမှာမို့လို့ လူကိုလန့်အောင်....ဟင်းဟင်း*

"အရူးကောင် အခန်းထဲကထွက်သွားတော့"

"မသွားနိုင်ဘူး... ငါအတည်ပြုပြီးပြီး
မင်းမရှိတဲ့ 7 ရက်လုံး ငါဘယ်လောက်လွမ်းနေရလည်းသိလား "

"မသိဘူး လွမ်းတဲ့သူက ဖုန်းတောင်မကိုင်ရလောက်​အောင် လွမ်းနေမှန်း "

"အဲ့တာက မင်းကို suprise လုပ်ချင်လို့ပါ မယုံရက် Haruto တို့ကိုမေးကြည့် "

The Same as {Completed}💛Donde viven las historias. Descúbrelo ahora