" Mr.ဂျိုးလ် … ခများဒီကိုဘယ်လိုရောက်လာတာလဲ "

ဂျိုးလ်ကလဲ ရှုယွမ်ကိုမြင်တော့ ပျော်ရွှင်သွားလေတယ် …

" မင်းဒီမှာရှိလိမ့်မယ်လို့တွေးမိပေမဲ့ မရှိမှာကိုစိတ်ပူနေတာ … ရှုယွမ်မင်းတကယ်အပုန်းကောင်းတယ် "

ရှုယွမ်က ဂျိုးလ်အားချက်ချင်းပဲအကျိုးအကြောင်းမေးလိုက်တယ် … ရှန်ဖန်းဂူမိသွားရင် ၂ ယောက်လုံးအတွက်မလွယ်ကူဘူး …

" ခများဘာကိစ္စနဲ့ဒီလိုနေရာမျိုးထိလိုက်လာတာလဲ … ရှန်ဖန်းဂူရှိနေတဲ့နေရာကိုရှာပြီး သတင်းပေးဖို့တော့မဟုတ်ဘူးမလား "

" ငါအဲ့လိုမလုပ်ပါဘူး … မင်းတို့ဘယ်လောက်အပုန်းကောင်းကောင်း ငါက မြို့တော်ကရှင်ဘုရင်ရဲ့လက်ထောက်ပဲလေ … ငါ့အတွက်ရှာဖို့မခက်ဘူး … ဒါပေမဲ့ လာခဲ့ရတဲ့လမ်းတွေကတော့အရမ်းခက်ခဲတာပဲ … အထဲရောက်မှပြောရအောင် … အိမ်ထဲပေးမဝင်ဘူးလား "

" ဒါပေမဲ့ ရှန်ဖန်းဂူ ခွင့်ပြုမှ … "

" ဝင်လာခိုင်းလိုက် "

အနောက်ကအသံကြောင့် လှည့်ကြည့်လိုက်တော့ ဖန်းဂူရောက်နေတာကိုတွေ့လိုက်ရတယ် … ဖန်းဂူနဲ့ဂျိုးလ်ဘယ်လိုသိနေလဲမသိပေမဲ့ ဖန်းဂူခွင့်ပြုတာမို့ ဂျိုးလ်အားအိမ်တော်တွင်းပေးဝင်လိုက်တယ် … အထဲကိုရောက်တော့ ဂျိုးလ်ကခနအမောဖြေပြီးနောက် စတင်ပြောကြားလာတယ် …

" ငါ့ဘဝမှာ ခရီးဝေးကို ဒီလိုခက်ခက်ခဲခဲလာဖူးတာ ပထမဆုံးပဲ "

ထိုစဉ်မင်းယွီရောက်လာပြီး ဂျိုးလ်အတွက်အအေးတစ်ခွက်ကမ်းပေးပြီးနောက် ဖန်းဂူနဘေးမှာဝင်ထိုင်လိုက်တယ် … ဂျိုးလ်က မင်းယွီကိုမြင်တော့ ချက်ချင်း မေးလိုက်တယ် …

" ဒါက Mr.ရှန်ဖန်းဂူရဲ့မိတ်ဖက်မင်းယွီမလား …  အကိုတို့အရင်က တွေ့ဖူးကြတယ်နော် "

" မင်္ဂလာပါ အရာရှိဂျိုးလ် "

" မင်းရဲ့သားလေးရော မမြင်ပါလား "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now