Tom and Jerry

1.5K 53 5
                                        

"ဘာလဲနင့်​ကို ကူညီမယ့်​သူကငါ​တျောက်​ပဲရှိတာလား??"
"​အေး​လေ အာ့​ကြောင့်​မို့ကူညီပါ​နော်​ Namjoonနဲ့နင်​ကသူငယ်​ချင်း​တွေ​လေ "
"ဘယ်​လိုပဲဖြစ်​ဖြစ်​ နင်​ကငါ့အမဝမ်းကွဲ သူကငါ့သူငယ်​ချင်း ငါ့အမရည်းစားရဖို့အ​ရေး သူငယ်​ချင်းကို ပြန်​ကပ်​ရတာ​တော့မဟုတ်​​သေးဘူး"
"နင်​ဘာလိုချင်​လဲ​ပြော"
"ဘယ်​ဆိုးလို့လဲ နင်​ကအလိုက်​သိသားပဲ"
"ရှည်​ရှည်​​ဝေး​ဝေး​ပြောမ​နေနဲ့ ​"
"​ကျောင်းပိတ်​တဲ့ရက်​ ရုံတင်​တဲ့ကား လိုက်​ပြရမယ်​ပြီးရင်​မုန့်​လိုက်​​ကျွေးရမယ်​"
"​ကောင်းပြီ​လေ ငါ​ပေးတဲ့လက်​​ဆောင်​ကိုပဲNamjoon လက်​ထဲ​ရောက်​ပါ​စေ​နော်​"
"စိတ်​ချပါ"
ပြောပြီးတာနဲ့ထွက်​သွား​သော သူ၏အစ်​မဝမ်းကွဲ Kim Yoonna။Seokjinတို့ဘဝမှာ ဘာကိုမှအလကား​တောင်း​ဆိုလို့မရ ။

ကျောင်းဝန်းထဲဝင်​သည်​နှင့်​ လူတိုင်းကကွက်​ကြည့်​ ကွက်​ကြည့်​။Seokjinတို့မိန်းက​လေးတစ်​​ယောက်​စီက လက်​​ဆောင်​ရတာဟုလူတိုင်းကထင်​​နေကြမည်​ကို​တွေးပြီး သ​ဘော​ကျ​နေမိသည်​။
"Yah ပန်းသီး​ခေါင်း ဒါကဘာလုပ်​တာလဲ"
သူ့လက်​ထဲက လက်​​ဆောင်​ဗူးအား​မေး​ငေါ့ပြကာ ​မေး​နေ​သော Jungkook၊ ​ဘေးတွင်​​တော့ Kim Taehyung။ သူ့ရဲ့ဘဝကလည်းမ​သေးလှ ကျန်းမာ​ရေး​ကြောင့်​​ကျောင်း​လေးတစ်​နှစ်​နားတာကို ဒီလိုမ​လောက်​​လေးမ​လောက်​စား​ရဲ့ တန်းတူဆက်​ဆံခံ​နေရတာကို။
"ငါ့ကို အဲ့လိုမ​ခေါ်နဲ့လို့ဘယ်​နှစ်​ခါ​ပြောရမလဲ မင်းထပ်​ငါကကြီးတယ်​​နော်​"
"ဘာလဲဒီခန္ဓာကိုယ်​က ငါနဲ့အတန်းတူတာကိုJin hyung လို့တရိုတ​သေ​​ခေါ်ရမှာလား ဒါဆိုSorryပဲ"
"မ​ခေါ်နိုင်ရင်​ လာ​မေးစရာအ​ကြောင်းမရှိဘူး"
"Jin hyung​ကောင်​မ​လေးစီက လက်​​ဆောင်​ရတာလား"
"အဲ့လိုထင်​ရတယ်​မလား Taehyung yah"
"တကယ်​လည်းဟုတ်​တာမဟုတ်​ဘဲနဲ့ "
"Yah မင်းနဲ့ဘာဆိုင်​လို့ ဝင်​​ပြော​နေတာလဲ အုန်းသီး​ခေါင်း ငါ့ပါငါNamjoon​ကို​ပေးဖို့ယူလာတာ"
နားမခံနိုင်​​လောက်​​အောင်​​အော်​​ပြောပြီး Namjoonတို့အခန်းဘက်​​လှည့်​ထွက်​လာခဲ့သည်​။ မဟုတ်​ရင်​ အုန်းသီး​ခေါင်းကထပ်​ရစ်​​နေဦးမှာ ။
"သူကဘာလို့ Namjoonကို​ပေးရတာလဲ"
"ငါလဲဘယ်​သိမလဲ သိချင်​ရင်​သူ့သွား​မေး​ပေါ့"
မတင်​မကျအ​တွေးများဖြင့်​ အတန်းထဲဝင်​လာ​သော Jungkook ​။
သူက Namjoonကိုစိတ်​ဝင်​စား​နေတာလား မဖြစ်​နိုင်​တာ ​ယောကျာ်းချင်းကြီးကို။
"Jungkook yahဟိုမှာကြည့်​စမ်း Jin hyungခုံ​ပေါ်မှာ ​စ​တော်​ဘယ်​ရီကိတ်​​လေး"
အ​တွေးများ​​နေတာနှင့်​Taehyungပြမှ ကြည့်​မိ​တော့ Seokjinခုံ​ပေါ်တွင်​ ဘယ်​သူကလာထားသွားမှန်းမသိ​သော စ​တော်​ဘယ်​ရီကိတ်​ ။ Seokjinမလာခင်​အမြန်​​ကောက်​ယူကာ
"Taehyung မင်းစ​တော့ဘယ်​ရီကြိုက်​တယ်​မို့လား ​ရော့စားလိုက်​"
"ဖြစ်​ပါ့မလား Jin hyungလာရင်​...."
"ဖြစ်​တယ်​ ငါကစားဆိုစားလိုက်​"
စ​တော်​ဘယ်​ရီကြိုက်​​သော Taehyungလည်း ကိတ်​အားယူကာစားလိုက်​​တော့သည်​။

 Tom and Jerry(one shot Completed)Where stories live. Discover now