[Interest.10%]
သူ့ခေါင်းပေါ်ကအဖြူရောင်နံပါတ်လေးကပြောင်းသွားတယ်...
"ဒီGameကဘာဖြစ်ချင်နေတာလဲ..."
Derrick ကစက္ကန့်ပိုင်းအတွင်းပျောက်သွားခဲ့တယ်၊
ငါကတော့ပွစိပွစိနဲ့ရေရွတ်ရင်း ကျန်ခဲ့တာ ပေါ့...ငါမသိတော့ဘူး... ဘာတေွကများ ဒီအိမ်ကသားနှစ်ယောက်ရဲ့ interestကိုတိုးစေတာလဲ...
'ကောင်းပြီ... ဒါကဘာလို့ဆို interestတေွဘာကြောင့်တိုးနေမှန်းမသိတာက Gameထဲမှာဒီတိုင်းသေသွွားနိုင်တယ်..'
ငါအကူညီမဲ့နေပြီ ဒီမှာရှိိတဲ့နေ့ရက်တေွက Gameထဲမှာဆော့တုန်းကနဲ့လုံးဝကွဲပြားနေတယ်လေ...
*******
"တေွ့ပြီ..."တနေ့ကုန်ရှာပြီးမှ နောက်ဆုံးရလာဒ်အနေနဲ့ အပြင်ကိုထွက်နိုင်တဲ့လှိျု့ဝှက်အပေါက်ကိုရှာတေွ့ခဲ့ပြီ၊
စံအိမ်တစ်ခုလုံးနီးပါးကို ကာရံထားတဲ့နံရံတေွက သံမဏိအတားအဆီးတေွချည်းဘဲ၊ ဒါပေမဲ့လည်းကံကောင်းထောက်မစွာနဲ့ ဒီအပေါက်ကိုသူရဲကောင်းတေွရဲ့လေ့ကျင့်ရေးကွင်းနားကနေရှာတေွ့ခဲ့တယ်၊ ငါထင်တာ အဲ့အပေါက်က သူတို့လေ့ကျင့်ရေးကနေပြေးတဲ့အခါသုံးကြတာများလား...
အဲ့အပေါက်ကခြံုပုတ်တေွနဲ့သေသေချာချာဖုံးထားပြီး ငါသာကျောက်ခဲတစ်လုံးကိုခလုတ်တိုက်ပြီး အဲ့အပေါ်ကိုပြုတ်မကျခဲ့ရင်အဲ့ဒါကိုရှာတေွ့နိုင်စရာ အကြောင်းမရှိဘူး၊
"ဟ... ဘာလို့ဒီသောက်ရူးဂိမ်းက ဒီလိုအရာလေးတေွနဲ့သတင်းတေွအတွက်ကူညီပေးနေရတာလဲ..."
ငါ့ရဲ့ဝတ်စုံကဖုန်တေွကိုခါလိုက်ပြီး ခုနကခလုတ်တိုက်ခဲ့တဲ့ ကျောက်ခဲကိုကန်လိုက်တယ်၊ ပြီးမှလည်ပင်းကလည်စည်းကိုပြင်လိုက်တယ်၊
ငါ Derrickပေးထားတဲ့လည်စည်းအောက်က ပတ်တီးတေွကိုဖြည်လိုက်တယ်၊
"ဟူး.... မနက်ဖြန်မရောက်ခင်ရှာတေွ့လို့ တော်သေးတယ်... "
မနက်ဖြန်ဆိုပွဲတော်စပြီ ဒါကြောင့်လည်းအခုတကယ်ကိုစိုးရိမ်နေခဲ့ရတာ၊
သေချာတာက မနက်ဖြန်အပြင်ထွက်ဖို့အတွက် Duke ဒါမှမဟုတ် Derrick ကိုခွင့်တောင်းလိုက်ရင်အေးဆေးသွားလို့ရတယ်... ဒါပေမဲ့... သူတို့ကဒီလိုသခင်မလေးတစ်ယောက်ကို အင်ပါယာတစ်ခုလုံးကလူတေွနဲ့ ပြည့်ကြပ်နေတဲ့လမ်းတေွကို တစ်ယောက်တည်းတော့သွားခိုင်းမှာမဟုတ်ဘူး၊
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...
Chapter .18
Start from the beginning