'အဲ့တာပေးတာယောကျာ်းလေးမှန်း ဘယ်လိုလုပ်သိသွားရတာလဲ...'​

သူ့ရဲ့​ ထိုးထွင်းသိနိုင်စွမ်းနဲ့ အမြော်မြင်ကြီးမှုတေွကြောင့်ငါ့ရဲ့လက်မှာ​ကြက်သီးတေွထလာတယ်လို့တောင်ခံစားရတယ်၊ ငါကသူစကားစပြောတာနဲ့ ငါ့ကိုဆူမယ်လို့ထင်တားတာလေ၊

ငါမသိတော့ဘူး... Derrickကဒီလိုဘဲလား...

ငါဒါကိုဘယ်လိုတုံ့ပြန်ရမလဲစဥ်းစားရင်း​ ပြောလိုက် တယ်...

"ကျေးဇူးပါ..."

Derrickကိုကောင်းကောင်းဆက်ဆံဖို့ဆုံးဖြတ်လိုက်ပြီး လည်စည်းကိုယူတဲ့အချိန်​အတက်နိုင်ဆုံးသူနဲ့အသားချင်းမထိမိအောင်ကြိုးစားလိုက်တယ်...
သူကPenelopeကို အရမ်းမုန်းတယ်လေ....

'ဝိုး... ကြည့်ရတာစျေးကြီးမဲ့ပုံဘဲ...'

အဲ့ဒါကလက်ဆောင်တေွလိုထုတ်ပိုးထားတာမျိုးမဟုတ်ပေမဲ့ ငါ့ရဲ့လက်နဲ့ထိကြည့်လိုက်တာနဲ့ အဲ့လည်စည်းကစျေးကြီးတယ်ဆိုတာပြောလို့ရတယ်၊

ငါလက်ဆောင်ကိုကြည့်ရင်းနဲ့ပြံုးလိုက်တယ်၊

"ကျမသေချာသုံးပါ့မယ်... ပထမသခင်လေး..."

ငါလည်စည်းကိုကြည့်နေတဲ့ ငါ့မျက်လုံးတေွကိုရေွှ့လိုက်ပြီး သူ့ကိုကျေးဇူးတင်လိုက်တယ်၊

Derrickရဲ့မျက်လုံးတေွက​ အချိန်ခဏလောက်ဝေခွဲမရဖြစ်သွားခဲ့ပြီး သူ့ရဲ့ခံစားချက်မရှိတဲ့မျက်နှာက​ရုတ9တရက်တောင့်တင်းသွားခဲ့တယ်၊

'ဘာ... သူကဘာဖြစ်ပြန်တာလဲ...'

သူ့ရဲ့တုံ့ပြန်မှုကြောင့်​ ငါနှလုံးခုန်မြန်လာခဲ့တယ်...
သူ့ရဲ့ခေါင်းပေါ်က interestပမာဏကိုစိုးရိမ်တကြီးကြည့်နေမိတယ်...

"ငါ... ငါ, အရေးကြီးတာတစ်ခုကိုမေ့နေလို့..."

သူကငါရေှ့ကနေပြန်လှည့်သွားပြီး လင်ဗန်းကိုကိုင်လျက်နဲ့ဘဲ ဥယျာဥ်ထဲကနေအရမ်းမြန်တဲ့ခြေလှမ်းတေွနဲ့​ထွက်သွားတော့တယ်...

"သူကဘာလို့အဲ့လိုပုံစံမျိုး............"

သူထွက်သွားတာကိုကြည့်လိုက်တဲ့အခါ​ ငါမျက်လုံးတေွပြူးကျယ်သွားရပြန်တယ်...

DITOEFVWhere stories live. Discover now