အပိုင်း ၂၁

1.5K 159 0
                                    

Unicode

ဂေဟာမှူးက ဟိုတယ်တခုမှာ ချိန်းထားတာမို့ ရိ​ပေါ်နဲ့ဝမ်ချင် အခု ဟိုတယ်အခန်းတခုထဲကို​ရောက်​နေကြတယ်...​ဂေဟာမှူးနဲ့အတူ​ပေါ့...

"​ပြောထားတာ ​နေ့ခင်းဆို , ဘာလို့ခုမှအချိန်က​ပြောင်းသွားရတာလဲ?" ရိ​ပေါ်က စိတ်မရှည်သလို ​အော်​မေးလိုက်တယ်. .သူဖြစ်နိုင်ရင် သူ့​ရှေ့က ​ဂေဟာမှူးကိုဆွဲထိုးချင်​နေပြီ ..

"စိတ်မရှိပါနဲ့ Mr.black , ကျုပ်တို့မှကိစ္စ​လေးအနည်းငယ်ရှိ​နေလို့ပါ"

"ငါ့သားအတွက်, အချိန်နဲ့အမျှအ​ရေးကြီး​နေတာကွ"

"မပူပါနဲ့ , ဒီညကို​သေချာ​ပေါက် ခွဲစိတ်​ပေးမှာပါ"

"ဒါဆို ဘာလို့ငါ့ကိုကြိုမ​ပြောတာလဲ?"

"ကျ​တော့်အ​နေနဲ့ အားလုံးအန္တရာယ်ကင်းဖို့ Mr.blackကို ဒီအခန်းထဲမှာ တ​နေ့လုံးရှိ​နေ​စေချင်ယုံပါ။"
"အဟက်...​ဂေဟာမှူးက အသက်ရှည်ရှည်မ​နေချင်​တော့ဘူးထင်တယ်.."

"ခုချိန်ကျ​တော်​သေသွားရင် Mr.blackရဲ့သားလည်း​သေသွားမှာ​​ပေါ့...စိတ်​အေး​အေးထားစမ်းပါ။"

ရိ​ပေါ်​ရောဝမ်ချင်​ရော..ကြိုးစားပြီးတည်ငြိမ်ချင်​ယောင်​ဆောင်ထား​ပေမယ့်..ရင်ထဲမှာ​တော့ဗ​လောင်ဆူ​နေပြီ..
စီစဥ်ထား​တွေက အနည်းငယ်လွဲသွားတာနဲ့သူတို့နှစ်​ယောက်အပြင် ပါလာတဲ့က​လေးပါ အန္တရာယ်မကင်းဘူး။ ဒီဟိုတယ်ရဲ့အပြင်မှာ ယန်းခိုင်တိုအဖွဲ့က​စောင့်​နေတယ်..သူတို့ဒီကထွက်လာတာနဲ့...ကျန်ခဲ့မယ့်​ဂေဟာမှူးကို ဝင်ဖမ်းဖို့...

အခု​ပြောထားတဲ့အချိန်ထက်အများကြီး​နောက်ကျ​နေတဲ့အပြင်..​ဂေဟာမှူးတို့က သူတို့နဲ့အတူ အခန်းထဲရှိနေတာ​ကြောင့်..သူအ​ကြောင်းကြားဖို့အဆင်မ​ပြေ။ယန်းခိုင်တို့စိတ်ပူပြီးဝင်လာရင် စီစဥ်ထားသမျှအလကားဖြစ်​တော့မယ်..
ပြီး​တော့..​ရှောင်းတို့အဖွဲ့က..လျို့ဝှက်ခွဲစိတ်မှု​တွေလုပ်​တဲ့ အပန်း​ဖြေစံအိမ်အနားမှာ ကင်းပုန်ဝပ်ပြီးစောင့်​နေတာ...ဒီထက်ပို​နောက်ကျရင် မလွဲလွဲအ​ချော်​ချော်ဖြစ်ကုန်​တော့မယ်....

Hope (Complete)Where stories live. Discover now