ကံကောင်းခြင်းသက္ကရာဇ် end

16 1 0
                                    

Unicode

"ကိုကို ဘာဖြစ်သွားတာလဲ"
"ဟင် ဘာ ဘာမှမဖြစ်ပါဘူး"
"ကျွန်တော်ပြောတာဆုံးအောင်နားထောင်ပေး"
"အင်းပြောလေ"
"ကျွန်တော်က ကိုကို့ကိုကျွန်တော့်ချစ်သူအဖြစ်ရှိစေချင်တာ"
သက္ကရာဇ်သစ်လေးစကားကြောင့်လက်တုန်ပြီးသောက်လက်စရေနွေးခွက်ကလက်ပေါ်ပြုတ်ကျလေ၏။အရှေ့ကသစ်လေးကပြာပြာသလဲထလာကာ
"ကိုကို ကိုကို ကလဲသတိမထားဘူးကွာ"
သစ်လေးတစ်ယောက်သူပဲပြောနေပြီးသက္ကရာဇ်ကိုလဲအနားမှာရှိတဲ့ဘေစင်ကိုခေါ်သွားပြီးရေဆေးပေးလေသည်။သက္ကရာဇ်မှာ‌တော့ပူတာကိုအာရုံမရောက်နိုင်သစ်လေးစကားကိုပဲပြန်ကြားယောင်နေမိသည်။'ချစ်သူအဖြစ်ရှိစေချင်တာ'တဲ့မဖြစ်နိုင်ပါဘူး။
"ကိုကို ကိုကိုခေါ်နေတာမကြားဘူးလား"
"ဟင် ဘာ ဘာပြောလိုက်တာလဲ"
"နောက်တစ်ခါထပ်မဖြစ်စေနဲ့လို့ ကိုကိုသာတစ်ခုခုဖြစ်ရင်ကျွန်တော်ရင်ကျိုးရမှာ"
*ဟင့်အင်း မဖြစ်နိုင်ဘူး သစ်လေး မဖြစ်သင့်ဘူး*
သက္ကရာဇ်သစ်လေးထံမှလက်ကိုဆွဲရုန်းကာအမြန်ပြေးထွက်လာခဲ့သည်။နောက်ကသစ်လေးရဲ့ခေါ်သံတွေကိုလျစ်လျူရှုပြီးတော့ပေါ့။
"ကိုကို ကိုကို ဘာလို့အတင်းထွက်ပြေးနေတာလဲကျွန်တော်ပြောတာကိုမယုံလို့လားဟင်"
"အင်း မယုံဘူး"
သက္ကရာဇ်ခပ်တည်တည်ပင်ဖြေလိုက်သည်။
တစ်ကယ်တော့မယုံတာမဟုတ်ပဲမယုံနိုင်တာပါ။
"ကျွန်တော်ကိုကို့ကိုဒီနေ့မှစတွေ့တာထင်လို့လားကိုကို"
"ဟင်.."
ဟုတ်သားပဲသူသက္ကရာဇ်ရဲ့မေဂျာရောအတန်းကိုပါသိနေသည်ပဲ။
"ကျွန်တော်ကိုကို့ကိုမနှစ်ကပြန်တွေ့ခဲ့တာ
ကျွန်တော်မနှစ်ကပြောင်းလာထဲကကိုကို့ကိုတွေ့ခဲ့တာတွေ့တွေ့ချင်းကျွန်တော်ကိုကို့ကိုမှတ်မိခဲ့တယ်။ကိုကိုကတော့မမှတ်မိဘူး။အဲ့တုန်းကကျွန်တော်ပထမနှစ်တက်နေခဲ့တာ"
ဟုတ်သည် သူသစ်လေးကိုတွေ့ပေမဲ့မမှတ်မိခဲ့ပါဘူးငယ်ငယ်ကပုံစံနဲ့တစ်ခြားစီဖြစ်နေခဲ့လို့ပဲထင်ပါသည်။
"ဟင် ဒါဆိုခုနကပြောခဲ့တာက"
"ခုနကိုကိုနဲ့စကားပြောချင်လို့လိမ်လိုက်တာ ကိုကိုစိတ်မဆိုးပါနဲ့နော်"မျက်နှာငယ်လေးနဲ့ပြောလာတဲ့သစ်လေးကိုသူစိတ်မဆိုးရက်ပါ။တစ်ကယ်တော့သက္ကရာဇ်ဆယ်တန်းတုန်းက gayဆိုတာကိုသိခဲ့ရတဲ့အပြင်အခန်းထဲကလူတွေပါသိကုန်ပြီးမနှစ်မြို့တဲ့ပုံတွေဖြစ်နေသောကြောင့်စိတ်လေပြီးဆယ်တန်းတစ်နှစ်ကျခဲ့ရလေသည် ။ဒီကိုဖေဖေဆုံပြီးပြောင်းလာမှဆယ်တန်းအောင်ခဲ့တာပင်။
အဲ့တာ‌ေကြာင့်သစ်လေးကိုဒုတိယနှစ်ဖြစ်နေတော့မထူးဆန်းပါဘူး။
"ငါစိတ်မဆိုးပါဘူးသစ်လေး"
"ဒါဆိုကိုကိုကဘာလို့'ငါ'လို့ပဲသုံးပြီးပြောနေတာလဲကျွန်တော့်ကိုမယုံလို့လား ဒါမှမဟုတ်ကျွန်တော့်ကိုရွံလို့လား"
မျက်ရည်လေးဝဲပြီးပြောနေတဲ့သစ်လေးကိုကြည့်ပြီးသလ္လာရာဇ်ရင်နာရပါသည်။
"သစ်လေး ကိုကို့ကိုကြည့်"
သက္ကရာဇ်ပြောတော့မော့ကြည့်လာသောသစ်လေး။သက္ကရာဇ်သစ်လေးဆွဲထားတဲ့လက်နှစ်ဖက်ကိုမိမိလက်နဲ့ဆုပ်ကိုင်လိုက်ပြီး
"သစ်လေးကိုကိုသစ်လေးကိုမယုံတာမဟုတ်ပါဘူးရွံတာဆိုပိုတောင်မဟုတ်ဘူး။ဘာလို့လဲဆိုတော့ကိုကိုက gayလေ"
အံ့ဩနေတဲ့မျက်လုံးလေးနဲ့ကြည့်လာသော်လည်းစကားသံထွက္မလာခဲ့။
"ကိုကို့ကိုရောသစ်လေးရွံနေလား"
ချက်ခြင်းပင်ခေါင်းခါပြလေသည်။
"ဒါပေမဲ့သစ်လေး ကိုကိုတို့ကမဖြစ်နိုင်ဘူး"
"ဘာလို့လဲကိုကို ကျွန်တော့်ကိုမချစ်လို့လား
ဒါမှမဟုတ် ဘောမတူမှာစိုးလို့လားပတ်၀န်းကျင်ကပြောမှာ‌ေတွကြောက်လို့လား"
"ကိုကို့အတွက်ပတ်၀န်းကျင်ကအရေးပါပေမဲ့မေမေ့လောက်တော့အရေးမပါဘူးသစ်လေး
ကိုကို မေ့မေ့ကိုစိတ်မဆင်းရဲစေချင်ဘူး"
"ဒါဆို ကိုကိုကအန်တီမေသဘောတူရင်
ကျွန်တော့်ကိုလက်ခံမယ်ပေါ့"
"အဲ့လိုပြောမိလို့လား မေမေ့ကိုငါ gayဆိုတာသိပြီးစိတ်ဆင်းရဲမှာစိုးတာလို့ပဲပြောတာ"
သက္ကာရာဇ်မျက်စောင်းလေးထိုးကာပြောလိုက်တော့
"ဟားး ဟုတ်ပါပြီကိုကိုရယ် အန်တီမေကြောင့်ဆိုရင်တော့စိတ်မပူနဲ့လို့ပြောမလို့"
"ဟင် ဘာလို့လဲ"
"ကျွန်တော်ပြောပြီးပါပြီကော ကိုကို့ကိုမနှစ်ကစတွေ့ခဲ့တာလို့ကိုကို့ကိုစတွေ့တဲ့နေ့ကကိုကိုကသစ်ပင်ရိပ်အောက္မှာစာကိုစိတ်၀င်တစားဖတ်နေတာများကျွန်တော်အကြည့်မလွှဲနိုင်အောင်ပဲကိုကိုကအရမ်းတွေချောနေလို့"
သက္ကရာဇ်ပိုပြီဆိုတဲ့ပုံစံနဲ့မျက်စောင်းထိုးလိုက်လေသည်။
"တစ်ကယ်ပြောတာကိုကိုရဲ့ အဲ့နေ့ကကိုကိုပြန်တော့ကျွန်တော်ကိုကို့နောက်လိုက်လာတာအဲ့နေ့ထဲကကိုကို့အိမ်ကိုသိတာနောက်နေ့ကျတော့ကိုကို့အိမ်ကိုလာပြီးကိုကိုမရှိတဲ့အချိန်အန်တီမေကိုလာတွေ့ဖြစ်တယ်။ကိုကို့ကိုတော့မပြောပြခိုင်းဘူးလေ။နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တုန်းကအန်တီမေ့ကိုကျွန်တော်ခွင့်တောင်းခဲ့တယ် ကိုကို့ကိုချစ်နေပြီမို့လို့ကျွန်တော့ကိုခွင့်ပြုပေးပါဆိုပြီးတော့။ကျွန်တော့်ကိုလဲကိုကိုကမတွေ့သေးတော့တစ်ကယ်လို့အန်တီမေခွင့်မပြုရင်ကျွန်တော်ကိုကိုမသိအောင်ပဲနေမလို့လေ"
သက္ကရာဇ်ဒီအကြောင်းတွေကိုမသိခဲ့ရပါလား။
"ကံကောင်းစွာနဲ့ပဲအန်တီမေကပြောတယ် နှစ်ဦးသဘောတူနေရင်အန်တီကဘာမှပြောမှာမဟုတ်ပါဘူးတဲ့"
"....."
"အဲ့နေ့ကဆိုကျွန်တော်ပျော်လွန်းလို့ကိုကို့ဆီကိုအပေမဲ့ကိုကို့ဘက်ကဘယ်လိုလဲဆိုတာမသိရတော့ကျွန်တော်ကိုကို့ဆီမလာရဲခဲ့ဘူး"
"..."
"နောက်နေ့လဲကျရောကိုကို့ကိုcorridorမှာရပ်နေတာတွေ့လိုက်ရတယ်။အဲ့နေ့ကမိုးအရမ်းသည်းနေတော့ကိုကိုအိမ်မပြန်ဘဲရပ်နေ့ကမိုးအရမ်းသည်းနေတော့ကိုကိုအိမ်မပြန်ဘဲရပ်နေတာအကြာကြီးပဲအဲ့ဒါနဲ့ထီးမပါဘူးထင်ပြီးကျွန်တော်ကလေးတစ်ယောက်ကိုသွားပေးခိုင်းခဲ့တယ်"
"အဲ့နေ့ကထီးပေးတာသစ်လေးလား"
"ဟုတ်တယ်လေကိုကိုကဘယ်သူထင်လို့လဲ"
"မထင်ပါဘူး"
"အဲ့နေ့ကကိုကို့ကိုထီးပေးလိုက်တာကျွန်တော်ပြန်တော့ဆောင်းစရာမရှိလို့မိုးရေထဲဒီတိုင်းပြန်သွားတာဖျားနေခဲ့တာနဲ့ကျောင်းသုံးလေး
ရက္မတက်လိုက်ရဘူး။ကိုကို့ကိုမတွေ့တာကြာလို့ဒီနေ့နေကောင်းတာနဲ့ကိုကို့ကိုတွေ့ချင်လို့လာခဲ့တာ။ကျွန်တော်ကိုကိုတို့လမ်းထိပ်ထဲကလိုက္လာတာကိုကိုမသိဘူးမဟုတ်လား"
သက္ကရာဇ်ပြုံးနေခဲ့ရပါပြီ။သူမသိခဲ့တဲ့အကြောင်းတွေထဲမှာသစ်လေးရဲ့အချစ်တွေအပြည့်ပဲမဟုတ်ပါလား။
"ကိုကို အန်တီမေကလဲသဘောတူပြီးပြီဆိုတော့ ကိုကိုကျွန်တော့်ကိုလက်ခံနိုင်မလားဟင်"
"သစ်လေး ကိုကို့ကိုစိတ်မဆိုးပါနဲ့နော် ကိုကို့မှာချစ်ရတဲ့သူရှိတယ်ကိုကိုသူတစ်ယောက်ကလွဲပြီးကျန်တဲ့သူကိုမချစ်နိုင်ဘူး"
"ဟင် ကိုကို တစ်ကယ်ပြောနေတာလား"
"ဟုတ်တယ်သစ်လေး"
ကိုကို့စကားအဆုံးမှာ‌တော့သစ်မှူးခန့်မျက်ရည်တွေကပါးပြင်ပေါ်သို့ဆင်းသက်လာခဲ့သည်။
"ကိုကိုပျော်ရင်ရပါပြီ ကျွန်တော့်အတွက္မပူပါနဲ့"မျက်ရည်များကြားကသစ်မှူးခန့်ပြုံးပြီး
ပြောလိုက်သည်။
"အဲ့ဒါဘယ်သူလဲမမေးတော့ဘူးလား"
"ကျွန်တော်နားမထောင်ရဲဘူးကိုကို"
သစ်မှူးခန့်ရဲ့ပါးပြင်ပေါ်သို့ရောက်လာတဲ့လက်လေးကြောင့်သစ်မှူးခန့်ကိုကို့ကိုကြည့်လိုက်သည်။ထို့နောက်ပါးပြင်ပေါ်ကလက်ကိုဖယ်ကာရင်ခွင်ထဲတိုး၀င်လာတဲ့ကိုကို့ကြောင့်သစ်မှူးခန့်အသက်မရှူနိုင်အောင်ပင်။
"ကိုကို မောင့်ကိုအရမ်းချစ်တယ်"
လေသံတိုးတိုးလေးနဲ့ပြောနေပေမဲ့သေချာကြားနေရပါသည်။'မောင်'တဲ့ ကိုကိုကသူ့ကို'မောင်'လို့ခေါ်လိုက်တာလား။
"ကိုကို ကျွန်တော်မကြားလိုက်လို့ဘာပြောတာလဲဟင်"
"အလကား ကြားလိုက်သားနဲ့မောင်နော်"
"ဟား ကိုကိုရာ ကျွန်တော့်ကိုလန့်အောင်လုပ်နေတာပဲ"
"အဲ့ဒါကိုကိုမသိပဲမေမေ့ကိုလာတွေ့လို့အပြစ်ပေးတာ"
"ကိုကိုရာ ကျွန်တော်အသည်းယားလာပြီ ကိုကို‌ မောင့်ကိုကြည့်ပြီးထပ်ပြောပေးပါဦး"
ကိုကိုကရင်ခွင်ထဲကနေခေါင်းလေးမော့လာကာ
"မောင့်ကို ကိုကို အရမ်းချစ်တယ်"
ကိုကို့စကားအဆုံးသစ်လေးခေါင်းငုံကာကိုကို့ရဲနီစွေးနေတဲ့နှုတ်ခမ်းနှုတ်လွှာကိုသစ်လေးနှုတ်ခမ်းနှစ်လွှာနဲ့ထပ်တူပြုလိုက်လေသည်။
နှုတ်ခမ်းနှစ်လွှာရဲ့ပေါင်းစပ်မှုမှာအချစ်၊
လွမ်းဆွတ်မှု၊မြတ်နိုးခြင်းတွေပေါင်းစပ်ပါ၀င်နေခဲ့သည်။
ပြီးပါပြီ။ ။
အချစ်ဆိုတာကိုယ်ထင်မှတ်မထားတဲ့အချိန် ထင်မှတ်မထားတဲ့နေရာမှာသူ့အလိုလိုပေါက်ဖွားလာနိုင်တာမျိုးပါ။ကိုယ်ချစ်ရဲ့သူဟာကိုယ့်ကိုလဲချစ်နေတယ်ဆိုတာအင်မတန်ကံကောင်းတဲ့သူမျိုးမှကြုံတွေ့ရတတ်တာပါ။
လူတိုင်းလူတိုင်းဒီလိုကံကောင်းမှုတွေကိုရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
---------------------------------------------
Zawgi

You've reached the end of published parts.

⏰ Last updated: Dec 16, 2021 ⏰

Add this story to your Library to get notified about new parts!

ကံကောင်းခြင်းသက္ကရာဇ်Where stories live. Discover now