Lucas သည် ဘာကိုအလိုမကျမှန်းမသိဖြစ်သွားသည်။

ကားကိုရွှေ့ပြီး သူ့အနားကနေဖြတ်လို့အတန်းဘက်သွားဖို့ ခြေလှမ်းနေသည့်သူလေး၏ လက်ကောက်ဝတ်ကိုဆွဲလို့ တားလိုက်တော့ မကျေမနပ်ပြန်ကြည့်လာသည်။

"မင်း ငါ့အပေါ် အကြွေးတင်သွားပြီ ''

"ဘာ ငါက မင်းဆီကနေ ပိုက်ဆံဘယ်အချိန်ကချေးလိုက်တာလဲ ထားပါတော့ မင်းလိုချင်တဲ့ ပမာဏပြော ငါပေးလိုက်မယ် ဇယားလာမရှုပ်နဲ့ ''

"ဟက် ဟာသပဲ ငါက ပိုက်ဆံချေးတယ်ပြောလို့လား ငါ့ကို တင်သွားတဲ့အ​ကြွေးက.... ''

"ဘာကွ မင်း ရူးနေလား ''

နားနားကပ်လို့ ပြောလာသည့်စကားအဆုံး စိတ်တိုနေသည့် သူလေးက ကြောင်ပေါက်လေးနဲ့တူနေ၏ ။

"မဟုတ်ရင် မင်းကိုငါ တစ်ကျောင်းလုံးရဲ့ အနိုမ်ခံလေးဖြစ်အောင်လုပ်ပစ်လိုက်ရမလား ''

"မင်း မိုက်ရိုင်းတယ် ငါက ကားလေးဝင်ထားမိတာမသိလို့လေ အခုဖယ်ပေးပြီးပြီ
ဘာလို့ နှောက်ယှက်နေတာလဲ ''

"မင်းက ငါနဲ့ မပတ်သတ်ချင်လို့လား ''

"ငါက မင်းမှ မဟုတ်ဘူး တခြားဘယ်သူနဲ့မှ မပတ်သတ်ချင်ဘူး ''

"အဲ့တာကြောင့် ငါက ပတ်သတ်ချင်တာလေ ဒီနူတ်ခမ်းလေး အရမ်းစွာတယ်နော်
ပြီးတော့ မျက်စောင်းထိုးသန်တဲ့ ခရမ်းပြာရောင် ဒီမျက်လုံးတွေ ကိုယ်သဘောကျတယ် ကဲပါ စဉ်းစားပါ ကိုယ်ခေါ်တဲ့အချိန်တိုင်းလာပြီး ခိုင်းတာလုပ်မှာလား ကြောင်ပေါက်လေး ဒါမှမဟုတ် တစ်ကျောင်းလုံးရဲ့ အနိုပ်စက်ခံလုပ်မလား ဟက် ညနေကျရင် အဖြေပေး''

ပြောပြီးသည်နှင့် လက်ကိုအိပ်ထောင်ထဲထည့်လို့ စမတ်ကျကျထွက်သွားသည့်
ဇာတ်လိုက်ကောင်ကို ရှောင်းကျန့် သွားစွယ်တွေဖြဲလို့ခြောက်ပြလိုက်သည်။
အင်း ဇာတ်လိုက်ကြီးက မမြင်ရှာပေမယ့်ပေါ့။

[System ဇာတ်ကြောင်းမှာ ငါက ဒီဇာတ်လိုက်နဲ့သိတောင်မသိဘူးလေ အခုကဘာဖြစ်လို့]

[အဲ့တာ မသိဘူး ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား ]

[မဟုတ်ပါဘူး သူကို့ ငါရင်းနှီးသလိုပဲ ]

Peculiarly System [Completed ]Where stories live. Discover now