အပိုင်း၁၁(Zaw+Uni)

1.4K 168 22
                                    

💚Zawgyi❤

အလုပ်ပင်ပန်းလွန်းလို့ အိပ်ပျော်နေတဲ့ကိုကို့ ကို
ရိပေါ်ပွေ့ ချီလာပြီး နိုးသွားမှာစိုးတာကြောင့် ကုတင်ပေါ်ညင်ညင်သာသာချပေးလိုက်တယ်

ခြေအိတ်နဲ့ ဖိနပ်ကိုချွတ်ပြီးခန္ဓာကိုယ်ပေါ် စောင်ပါးလေးလွှားခြုံပေးလိုက်တယ်

ကုတင်ခေါင်းရင်းကလာတဲ့ ခပ်ဖျော့ဖျော့ညအိပ်မီးအိမ်ရောင်ကြောင့်
ကိုကိုရဲ့မျက်နှာပေါ်အစိတ်အပိုင်းအားလုံးကို
သေချာစွာမြင်နေရတယ်။ပျော့ပြောင်းပြောင်းဆံပင် ခပ်ပြေပြေနဖူး ဖြောင့်စင်းတဲ့နှာတံ သေသပ်တဲ့ပုံကျလှတဲ့ခပ်ရဲရဲနှုတ်ခမ်းလေး ထိုအောက်ကခပ်သေးသေး မဟူရာအစက်အပျောက်လေး အားလုံးက
သူ့ နေရာနဲ့သူ ပြည့်စုံလွန်းတယ်

ကြည့်အကောင်းဆုံးနဲ့အလှဆုံး
အစိတ်အပိုင်းကတော့ အရည်လဲ့နေတဲ့ ခပ်ကျယ်ကျယ်သမင်မျက်ဝန်းညိုလေး~~

အကြည့်ချင်းဆုံမိလိုက်တိုင်း
တဖက်လူကိုပါ မျှောပါသွားစေနိုင်တယ်
ခပ်မို့ မို့ မျက်ခွံလေးနဲ့ရှည်ပြီး ကော့ညွှတ်နေတဲ့မျက်တောင်စိပ်စိပ်လေးတွေက ထိုအလှဆုံးမျက်ဝန်းညိုလေးတစုံကို
ယခုတခဏဖုံးအုပ်ထားပြန်တယ်

ကိုကိုဟာ တကယ်ချောလွန်းတယ်
ဘာမှထူးထူးခြားခြားမပြင်ဆင်ဘဲနဲ့ တောင်
ထူးထူးခြားခြားကိုချောလွန်းနေတာ

အခုကိုကိုအသက်၂၅နှစ်
သူ့ အသက်၁၅နှစ်

တနေ့ တနေ့ ကိုကို့ ဆိုင်မှာ
သိသိသာသာကော မသိမသာပါ အထာလာလာပေးနေတဲ့ယောကျာ်းမိန်းမတွေ

ကျစ်!စိတ်ရှုပ်စရာ
ကိုကိုကအားနာလို့ အလိုက်အထိုက်နေပင်မဲ့
သူကတော့မရဘူး အကုန်လုံးကိုဆိုင်ထဲကဆွဲပြီး မောင်းထုတ်ပစ်ချင်တာ
မတော်လို့ ကိုကိုများ အဲထဲကတယောက်ကို သဘောကျသွားရင် မဖြစ်ဘူး။
သူလဲဘယ်တော့မှအခြားသူရှာမှာမဟုတ်ဘူး ကိုကိုလဲမရှာရဘူး သူနဲ့ ကိုကိုရဲ့ နွေးထွေးတဲ့အသိုက်အမြုံလေးထဲ
ဘယ်သူစိမ်းကိုမှအဝင်မခံနိုင်ဘူး
ကိုကို့ ကိုဘယ်သူနဲ့မှလဲ သူသဘောမတူနိုင်ဘူး
ကိုကိုကသိပ်ရိုးသားပြီးကြင်နာတက်တာ
မတော်လို့ မကောင်းတဲ့သူနဲ့များကိုကိုတွေ့ သွားရင်
ကိုကိုနာကျင်ရမှာ မဖြစ်ရဘူး

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now