Ch-2

4.4K 275 2
                                    


   "ဒီက..ဖန်းရှင်းဟုတ်ပါတယ်နော်"

ဖန်ရှင်း..စာအုပ်.ငုံ့ဖတ်နေတုန်း.သူ့နာမည်.မေးသံကြား
လို့..မော့ကြည့်တော့.သူတို့မေဂျာရဲ့King.ဝမ်ရိပေါ်
ဖြစ်နေတယ်။

"ဟုတ်..ပါတယ်"

"ဘာကိစ္စရှိလို့လဲ.ခင်ဗျ"

"အင်း..ငါ့က်ိုတော့.မင်းသိလောက်ပါတယ်"

"မိတ်မဆက်တော့ဘူးနော်"

"ဟုတ်..သိပါတယ်"

"ငါပြောချင်တာကကွာ...ငါမင်းနဲ့သူငယ်ချင်းလုပ်ချင်လို့"

"ဗျာ....."

"ကျွန်..ကျွန်တော်နဲ့လား"

"အေးလေ..မင်းကိုပြောနေတာ"

"ဘာ..ဘာဖြစ်လို့.သူငယ်ချင်းဖြစ်ချင်တာလဲဟင်.."

"မင်းက..အနေအေးတယ်လေ..ပြီးတော့စာလည်းတော်
တယ်မလား...ငါ.စာတွေဘာတွေမသိတာရှိရင်လည်း..
မင်းကို..ရှင်းပြခိုင်းလို့ရတာပေါ့..ဟုတ်တယ်မလား"

"ဘယ်လိုလဲ..ငါနဲ့သူငယ်ချင်းလုပ်ဖို့.မင်းသဘောတူလား"

"ဟုတ်..တူပါတယ်"

"အင်း..ဟုတ်ပြီ...အဲ့တာဆို..ခုကစပြီး..
မင်းနဲ့ငါ..သူငယ်ချင်းတွေဖြစ်သွားပြီနော်"

"ဟုတ်"

"အာ...အရမ်းရိုကျိုးသလိုကြီး..မပြောနဲ့လေ
မင်းနဲ့ငါက ရွယ်တူပဲကို..ရင်းရင်းနှီးနှီး...
ပြောလို့ရပါတယ်..ကွ"

"အင်းပါ"

"အေး..အဲ့လိုပဲပြော..ခုနေ့.တော့..ငါသွားတော့မယ်
နောက်နေ့ကျမှ...ထပ်လာခဲ့မယ်နော်..ဟောက်ရွမ်း
တို့စောင့်နေလို့..ငါ.လစ်တော့မယ်..bye"

လို့.ရိပေါ်က..ဖန်ရှင်းကိုနှုတ်ဆက်ပြီး..အခန်းထဲက
ထွက်သွားတယ်။ဖန်ရှင်းလည်း.ကြောင်ကြည့်နေတုန်း
သူ့.သူငယ်ချင်း..ကျင်းရီက...

"ဟေ့ရောင်..ဝမ်ရိပေါ်က.ခုမှ.ဘာလာဖြစ်တာလဲ"

"မင်းကိုလာစကားပြောတုန်းကဆို..ငါ့မှာ.တကယ်
အံ့သြနေတာ"

"သူကအမြဲတမ်းချေတတ်တာလေ..မင်းကိုလည်း..
ဘာလို့.ခုမှလာပြီး.သူငယ်ချင်း.ဖြစ်ချင်တယ်ပြော
ရတာတုန်း"

Mean Of Loving{completed}Where stories live. Discover now