25

1.5K 164 27
                                    

Jungkook အိပ်ခန်းသို​့ ရောက်သည်နှင့် Jin အား အိပ်ရာထက် ချပေးကါ နဖူးလေးအား ကြင်နာစွာ နမ်းရှိုက်သည်
မျက်လုံးမှိတ်ထားရာမှ Jin ဖွင့်ကြည့်တော့ Jungkook ရဲ့ shirtless ပုံစံနှင့် ခန္ဓာကိုယ်ထက်က တောင့်တင်းသော ကြွက်သားများ...ပြီးပြည့်စုံသော အသားအရည်တို့က jinအား စိတ်လှုပ်ရှားမှု အပြည့်အဝ ပေးစွမ်းနေသည်

ဒါတွေကို တကယ်ဖြစ်နေတယ်ဆိုတာတောင် Jin မယုံနိုင်တော့...အကယ်၍များ အိမ်မက်ထပ်ဖြစ်နေခဲ့ရင်...တစ်ခါက အိမ်မက်လိုမျိုးသူနိုးထလာတဲ့ အခါ Jungkook မရှိတော့ပဲ အိမ်မက်ထဲကလို ထားခဲ့မှာ သူစိုးရိမ်မိသည်

"Jung..jungkook "
သူ့အကျီများထံသို့ လက်ရောက်နေနှင့်ပြီဖြစ်သော Jungkook အား jin ခေါ်လိုက်သည်

"ဒါ..ဒါတွေက အိမ်မက်မဟုတ်ဘူး မလားဟင်...မနက် ထလာတဲ့ အခါ အိမ်မက်လိုမျိုး ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူးနော် ပြီးတော့jin က kookie ရဲ့ ချစ်သူမလား kookie ကျနော်ကို တကယ်ချစ်တာမလား ပြောပါနော် "

ဖြူစင်လွန်းလှတဲ့ သူ့ချစ်သူလေး ကို Jungkook ပြုံးပြလိုက်သည်..ထို့နောက် ခေါင်းချင်း တိုက်လိုက်ကာ နှုတ်ခမ်းပေါ်သိူ့ အနမ်းလေးများ သက်ဆင်းစေတော့သည်

Jungkook သူ့ကောင်လေးက သူ့ကို ယုံကြည်ထားပြီးသားဆိုတာ သူသိသည်
Jin လက်လေးအား Jungkook သူ့ရဲ့ အဝတ်မဲ့နေသော ရင်ဘတ်ပေါ်သို့ တင်စေပြီး ရင်ခုန်သံမြန်နေသော သူ့နှလုံးခုန်သံအား ခံစားကြည့်စေသည်

"ကို့ နှလုံးခုန်သံကို ခံစားမိလား...အဲ့တာ တကယ့်အစစ်အမှန်ပဲ jin.. ကိုအမြဲ Jin ဘေးမှာ ရှိနေပေးမှာ ဘာတွေပဲ ကြုံရကြုံရ Jin အတွက် ကိုရှိနေပေးမယ် ကို အမြဲတမ်း ချစ်နေမှာ...ကို့ရင်ခုန်သံတွေကလည်း မင်းတစ်ယောက်ထဲအတွက် ဖြစ်တည်နေတာပါ ကိုမင်းကိုတကယိချစ်တယ် Jin "
Jungkook သူ၏ရင်တွင်းဖြစ် ခံစားချက်များအား ထုတ်ပြချိန်တွင် မျက်ရည်တို့တောင် ကျဆငိးနေမိသည်
သူကိုယ်တိုင်လည်း သူ့ဘဝမှာ ဒီလိုမျိုးတေ​ွ ဖြစ်လာမယ်လို့ မထင်ထားမိခဲ့...Jin လို ကောင်လေးကို ချစ်မိမယ်လို့လည်း မထင်ထားခဲ့...အခုလို idol တစ်ယောက်ရဲ့ ပုံရိပ်တွေဖယ်ပြီး သာမန် ဘဝလေးနဲ့ ချစ်သူနဲ့အတူရှိနေရမယ်လို့လည်း သူမထင်မိခဲ့..

My Melody is you (Translation Fic) CompletedWhere stories live. Discover now