သခင်ဆန်းစိတ်တိုနေသော်လည်းစိတ်ကိုနည်းနည်းလျော့ကာဦးလှမောင်အားတစ်ချက်စိုက်ကြည့်ပြီးစကားတစ်ခွန်းဆိုလိုက်သည်။
"ဦးလှမောင်သည်ကိစ္စကိုဦးလှမောင်နဲ့ကျွန်တော်ပဲသိပါစေ၊
မြို့နေလူထုကိုမလန့်စေချင်ဘူး""စိတ်ချပါမြို့ပိုင်မင်း
ဒါပင်မဲ့ကျွန်တော်စိုးရိမ်တာက..""ဦးလှမောင်ဘာကိုစိုးရိမ်လဲကျွန်တော်နားလည်တယ်
ဒါမဲ့အရင်ကတည်းကသည်လိုကိစ္စဟာ
သိသူနည်းလေကောင်းလေပဲ၊
အခုဖူးစာကုန်းချောက်ထဲမှာလူတစ်ယောက်ဒဏ်ရာရနေတာကိုတွေ့တယ်..ဒါဟာအရင်အချိန်တေမှာဆိုရင်ပြသာနာမကြီးပင်မဲ့
အခုလိုနိုင်ငံရေးမတည်ငြိမ်နေတဲ့အချိန်မှာဖြစ်သွားတော့မည်သူတစ်ဦးတစ်ယောက်အတွက်မျှသာ၍မကောင်းနိုင်ဘူး။
ပြီးတော့သည်လူရဲ့ဒဏ်ရာကရိုးရိုးလည်းမဟုပ်သေနတ်ဒဏ်ရာနဲ့ခင်ဗျားနားလည်မှာပါဘယ်သူမှမသိပါစေနဲ့""ဟုပ်ကဲ့ပါ"
"စောမြအပါအဝင်ပေါ့"
သခင်ဆန်းရဲ့စကားကြောင့်သည်ကိစ္စသည်သူထင်ထားတာထက်ပင်အရေးကြီးပုံရသည်
မြို့ပိုင်ရဲ့ဇနီးလောင်းစောမြကိုတောင်အသိမပေးရဟုပြောပုံကိုကြည့်လျှင်သိနိုင်သည်
ဟူး....ကိစ္စတော့ရှည်ပြီ"ဟုပ်ကဲ့ပါကျွန်တော်ဒီနေ့ညသန်းခေါင်လောက်လာပို့လှည့်ပါ့မယ်။"
သခင်စန်းကခေါင်းငြိမ့်ပြကာသူရဲ့အခန်းထဲသို့ပြန်ဝင်သွားသည်
ဦးလှမောင်ဟာလည်းခြံစောင်လှသိန်းကိုနှုတ်ဆတ်ရင်းအိမ်ပြန်လာခဲ့သည်။အိမ်ရှိပြသာနာအိုးကိုမြို့ပိုင်စီပို့ရန်ပြင်ရအုန်းမည်မဟုပ်လား။ဦးလှမောင်မိမိအရှ၌ရင်ဘတ်တစ်ခုလုံးအားအဖြူရောင်ပတ်တီးအဖွေးသားနှင့်အပူအပင်ကင်းစွာသတိမေ့နေသောသူကိုကြည့်ရင်းစိတ်လည်းမကောင်းသလိုစိတ်လည်းရှုပ်ရသည်သာ။
"မောင်ဝင်းရေသူ့ကိုမြင်းလှည်းပေါ်တင်အာအိုစီရပ်ဘက်ကနေမြို့ပိုင်မင်းစီကိုသွားကြမယ်"
"ဟုပ်ကျွန်တော်သိပါပြီ
ဒါနဲ့ရန်ကုန်-မန္တလေးလမ်းဘက်ကနေအာအိုစီဘက်ကိုပတ်သွားမှာမလား"
![](https://img.wattpad.com/cover/279726585-288-k69340.jpg)
YOU ARE READING
ရနေံ့သာ၌
Historical Fictionအလောင်းစည်သူမင်းလက်ထက်မှစ၍မူလပထမအမည်နာမရေနံ့သာမှာရေနံချောင်းဟုအမည်အပြောင်းလဲခံလိုက်ရတဲ့ရေနံံ့သာခေါ်ရေနံချောင်း သည်လိုမထင်မရှားဤမြို့လေးမှာဘယ်လိုခန်းနားမှု ဘယ်လိုဆန်းကြယ်မှုတေရှိနေမလဲ မြို့ငယ်လေးပင်မဲ့အချစ်တစ်ခုပေါက်ဖွားဖို့အတွက်တော့လုံလောက်သည်ထက်ပို...
part (1)zawgyi
Start from the beginning