အပိုင်း ၂၀

Start from the beginning
                                    

"ဒါက ကျွန်​တော့်​မြေးမ​လေးရဲ့ ဂိုက်ဆရာ.. seanတဲ့"

​ရှောင်းကျန့်က​ခေါင်းညွှတ်ကာအရို​သေး​ပေး​တော့ အခြားသူ​တွေကလည်း​လေးစားသမှုနဲ့​ခေါင်းငြိမ့်ပြကြတယ်။

" seanဒါက ကျိုးရမ်​ဂေဟာမှူး...​​မစ္စတာ​ဒေးဗစ်တဲ့"

"​ဒေးဗစ်ပါ" ​ဂေဟာမှူးက လက်ကမ်းကာ​ပြောလာတာ​ကြောင့် သူကလည်းလက်ဆွဲနှုတ်ဆက်ရင်း...

"sean ပါ ခင်ဗျ"

သူတို့  အလာပ, သလာပ အနည်းငယ်​ပြောပြီးတဲ့အခါ ​မွေး​နေ့ပွဲအတွက်​ဖျော်​ဖြေဖို့ ငှားထားတဲ့ မျက်လှည့်အဖွဲ့က စတင်ပြီး ​ဖျော်​ဖြေတယ်၊ ဒါကို အခွင့်​ကောင်းယူကာ သန့်စင်ခန်း သွားဦးမယ်ဆိုပြီး သူထ လာခဲ့သည်။ စံအိမ်ထဲ​ရောက်​တော့ သူမျက်​စေ့အရင်ကစားကြည့်တယ်..များလိုက်တဲ့  CCTV ​တွေ ....သူ့လက်ကလက်စွပ်မှာတပ်ထားတဲ့စကား​ပြောစက်ကိုဖွင့်ကာ.....

"အခုပဲ..."    ခပ်တိုးတိုး​ပြောရင်း သန့်စင်ခန်းလိုက်ရှာသလိုပုံစံနဲ့​ဟန်မပျက်​လျှောက်သွားလိုက်သည်...
ခဏ​နေ​တော့ ok ဆိုတဲ့အချက်ပြသံကြားတဲ့အခါ  သူစံအိမ်တခုလုံးကို ပတ်လို့ခပ်သွက်သွက်လှုပ်ရှားလိုက်တယ်။ စံအိမ်တခုလုံးအနှံ့ရှာပြီးတာ​တောင်  , မသင်္ကာစရာ အခန်းတခုတ​လေမှာမ​တွေ့​တော့ သူ​ချွေးပြန်လာတယ်...သူမှာအချိန်နာရီ၁၅မိနစ်ပဲရတာမို့ သူ​ခေါင်းကို အသည်းအသန်အလုပ်​ပေးလိုက်​ရတယ်....စီနီယာရဲ့ အဲ့လျို့ဝှက်ခန်းကို မဝင်ခင်တခုခုတွန်းဖွင့်သံကြားရတယ်ဆိုတဲ့စကားကိုပြန်သတိရလာတာမို့...သူအ​ပြေးအလွှာ စံအိမ်ကို တပတ်ပတ်ကြည့်​ရပြန်တယ်၊  တ​နေရာ​ရောက်​တော့ ကြီးမားတဲ့နံရံကပ်ဗီယိုကို ​တွေ့​တော့ သူအနီးကပ်စစ်​ဆေးလိုက်တယ်...​အောက်​ခြေကျမ်းပြင်မှာ တခုခုပွတ်တိုက်ရာကို​တွေ့​တော့ ... သူပြုံးလိုက်မိတယ်... game over!!

   သူစံအိမ်ထဲက​နေဟန်မပျက် ပြန်ထွက်လာရင်း..
"done"     လို့ သတင်းပို့ရင်း..လက်ကစကား​ပြောစက်ကိုပြန်ပိတ်လိုက်တယ်...

######

      သူတို့အခန်းထဲမှာ စုထိုင်ကာ ​ရှောင်းဆီက ဆက်သွယ်လာမှာကို ​စောင့်​နေကြချိန် ...
"အခုပဲ.." ဆိုတဲ့အသံကြား​တော့...အဖွဲ့ဝင်hackerတ​ယောက်က အမြန်လှုပ်ရှားလိုက်တယ်..CCTV​တွေကို Hack လိုက်ပေမယ့် အချိန်က၁၅ မိနစ်ပဲရတာမို့ သူ့ရင်​တွေပူလွန်းလှတယ်...​ရှောင်းရဲ့အရည်အချင်းကိုမယုံတာမဟုတ်ပဲ..ချစ်ရတဲ့သူမို့ နဲနဲ​လေး​တောင်မထိခိုက်​စေချင်...
ဆက်သွယ်​ရေးကိရိယာ​လေးဆီက..
"done"   ဆိုတဲ့အသံ​လေးကြားမှာသူအသက်ကို​ဖြောင့်​ဖြောင့်ရှူနိုင်​တော့တယ်....၁၅မိနစ်က သူ့အတွက် ရှည်ကြာလွန်းသလို....
အဖွဲ့ဝင်​တွေအကုန်လုံးလည်းခုမှအသက်ရှူနိုင်ကြ​တော့တယ်...

Hope (Complete)Where stories live. Discover now