အခန်း(၄)

Mulai dari awal
                                    

ထိုမျှအထိအသေးစိတ်သော နေရာများအား နှမ်းစေ့လောက်ပင် အလွတ်မကျန်ခဲ့အောင် လုရှန်းကျင်က အနမ်းတွေဖြာနေအောင် ပေးခဲ့ဖူးပြီး နူးညံ့လွန်းသည့် မျက်ဝန်းအကြည့်များက လုရှန်းကျင်အပေါ်၌ မရေမတွက်နိုင်သော ညများအား ချုပ်တည်းထားခြင်းမရှိဘဲ ကုန်ဆုံးပစ်ဖို့ ဆန္ဒတို့ပြင်းထန်စေခဲ့သည်။

ယစ်မူးစေခဲ့သော ထိုအချိန်ခန၌ ယန်ယိက လွန်ခဲ့တဲ့ ဆယ်နှစ်တာအချိန်တုန်းကလိုပဲ ဆွဲဆောင်မှုရှိနေသေးသည်' ဟု လုရှန်းကျင် ခံစားမိသည်။ ငယ်ရွယ်မှု၏ အနည်းငယ်သောအသွင်အပြင်များ ပျောက်ကွယ်သွားသည်မှလွဲ၍ များစွာသော ပင်ကိုယ်ဟန်ပုံစံများသည် ယန်ယိ၌ ရှိနေသေးသည်။

လုရှန်းကျင်က မှန်တံခါးနားပိုတိုးကပ်သွားပြီး ယန်ယိအား အနီးကပ်ကြည့်နေသည်။

'ဘယ်အချိန်ကစပြီး ဒီယုန်ငယ်လေးအပေါ် ခံစားချက်တွေ အသစ်မဖြစ်ခဲ့တော့တာလဲ။'

' ကြာလှပြီဖြစ်လို့ သူ မေ့တောင်နေပြီ။ '

ကြည့်ရတာ လူတွေရဲ့ အာရုံစူးစိုက်မှုကို ဖမ်းစားပြီး အတူလက်တွဲသွားရတာကို မကြိုက်တော့တဲ့ အချိန်ကစပြီးတော့များလား။ ဒါမှမဟုတ် တခြားသော အပြင်ဘက်က အယ်လ်ဖာတွေ ယန်ယိကိုကြည့်ကြမှာကို မကြိုက်တော့တဲ့ အချိန်က စပြီးတော့လား။

ယန်ယိက သိပ်ကိုလှပပြီး တစ်ဖက်တွင်လည်း ခံစားချက်ပြင်းပြသော အိုမီဂါတစ်ယောက်ဖြစ်တဲ့အပြင် အယ်လ်ဖာတိုင်းကပါ အလိုရှိနေကြတာကိုတော့ လုရှန်းကျင် ဝန်ခံရမည်။ ထိုအချက်များကြောင့် လုရှန်းကျင်က ယန်ယိကို အိမ်မှာပဲ နေစေခဲ့ပြီး တခြားသောအယ်လ်ဖာများ၏ တပ်မက်မှုကို ရှောင်ရှားနိုင်ဖို့ အပြင်ထွက်ခြင်းကို ခွင့်မပြုတော့ပေ။ သို့ပေမယ့် ထိုကဲ့သို့သော ပိုင်ဆိုင်မှုအပေါ် သဝန်တိုခဲ့ခြင်း စိတ်ခံစားချက်က အပြင်လောက၏ အရောင်အသွေးစုံလင်မှုနှင့် ယစ်မူးစေလောက်အောင် ဆွဲဆောင်နိုင်လွန်းသော အရာများကြောင့် ဆယ်ကျော်သက်အရွယ်မှာ သူထုထွင်းခဲ့သည့် ကတိစကားများက အမှတ်မထင်ပါဘဲ မေ့ပျောက်သွားခြင်းကို ခံလိုက်ရသည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Tempat cerita menjadi hidup. Temukan sekarang