အပိုင်း၁၀(Zaw+Uni)

Start from the beginning
                                    

"တိုတို တားကဆရာမမှားနေလို့ ပြင်ပေးတာပါ"

"ဆျာမက Woman(ဝိုးမန်း)
Womenလဲ(ဝိုးမန်း)တဲ့
ဒါကြောင့် တားက womanက(ဝိုးမန်း)
အနည်းတိန်း အများကတိန်းWomenကိုကျ
(ဝင်းမင်း)လို့ ထွက်တယ်ကြောကြတာ
ဆျာမက လက်မခံဝူး သူ့ အတိုင်းဘဲ လိုက်ထွက်ရမယ်ယဲ့ မဟုတ်ရင်မှားယယ်တဲ့"

"ပြီးတော့ ဆျာမ P(ပီ)ဟုတ်ဝူး
P(ဖီ)လို့ ထွက်ရမှာ pear 'ပဲယား'ဟုတ်ဝူး
pearကို 'ဖဲယား'လို့ ထွက်ရမှာ
sureကိုလဲ 'ရှူးဝါး'လို့ ထွက်ရမှာဟုတ်ဝူး
Sure(ရှေား)လို့ ထွက်ရမှာ
vegetableကို 'ဗက်ထေးဘဲ'လို့ ထွက်ရမှာ
'ဗက်ဂျီးတေးဘဲ'ဟုတ်ဝူး
warက 'ဝါး'ဟုတ်ဘူး (ဝေါ်း)လို့ ထွက်ရမှာ
walk 'ဝက့်'ဟုတ်ဘူး (ဝေါ့ခ်)လို့ ထွက်ရမှာ
ဆျာမက အကုန်အမှားတွေသင်နေတာ
တားလဲအစကသီးခံပါတယ်တိုတို
ဒါပင်မဲ့ တားကိုနင်ကဘာတက်ယို့ လဲ
ငါကဆျာမ ငါသင်တာကိုဘဲနင်နားထောင်ကြောလို့ 
တားကဆျာမမှားနေကြောင်း အတန်းထဲမှာ သက်သေပြမိတာ ပြီးတော့ဆျာမ
အင်္ဂလိပ်လိုကြောနေတာက ဘဲတကောင်ဆိုင်က
ဓားနဲ့ ခုတ်ခါနီးဘဲနဲ့ တူယို့ တားကကြောမိတာ"
အစကဒေါနဲ့ မောနဲ့ ဖြေရှင်းနေတဲ့ရိပေါ်လေးက
သူ့ ကိုကိုရဲ့ဒေါသထွက်နေတဲ့မျက်နှာထားကြောင့်
နောက်နားရောက်လေ စကားသံလေးကတိုးလေလေ
ဖြစ်ပြီးခေါင်းလေးငုံ့ သွားသည်။

"နင် နင်ကိုက ရိုင်းတာ
မသင်ချင်ထွက်သွားပေါ့
အခုတော့ကျောင်းသားတွေရှေ့ ငါ့အရှက်ခွဲတာ"

ကျောင်းအုပ်ကြီးကလဲ ခေါင်းတညိမ့်ညိမ့်နဲ့ 

ကျန့်ကျန့်က ထိုအသက်ငယ်ငယ်ဆရာမအား

"ဆရာမ ရိပေါ်လေးကဆရာမကို
မလေးမစားလုပ်မိတာမှားတယ်ဆိုပင်မဲ့
ဆရာမကလဲ ကိုယ်သင်ကြားမဲ့ဘာသာရပ်မှာ
ကျွမ်းကျင်အောင်လုပ်ထားသင့်တယ်လို့ တော့
ကျနော်ထင်တယ်ပြီးတော့
ရိပေါ်လေးအမှားအတွက်လဲ ကျနော်တောင်းပန်ပါတယ် ဒါပင်မဲ့
ရိပေါ်လေးပြောတဲ့အင်္ဂလိပ်အသံထွက်တွေက
အမှန်တွေဘဲ ဆရာမ မယုံရင်......

ကျောင်းအုပ်ကြီးစားပွဲပေါ်က
အထူဆုံးအင်္ဂလိပ်စာ အဘိဓာန်ကို
မျက်စပစ်ပြတော့

"စစ်ဆေးကြည့်ကြတာပေါ့"

"ကိုယ်သင်တာကဘဲအမှန်ဆိုပြီးတရားသေ
မှတ်ပြီး ကျောင်းသားတွေရဲ့အတွေးအခေါ်တွေ
ဥာဏ်စွမ်းဥာဏ်စတွေကို တုံးတိဖြစ်အောင်
ထပ်မလုပ်မိပါစေနဲ့ ဒီအတိုင်းသာဆို ဆရာမအတန်းကကျောင်းသားတွေရဲ့
အနာဂတ်ပညာရေးကိုကျနော်တကယ်ရင်လေးမိတယ်"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now