_________________
နောက်နေ့တွေမှာ အလင်္ကာတစ်ယောက်
အစ်ကို့ရဲ့ အတန်းကိုမမေးမိလေခြင်းဟူသော
နောင်တတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့
အစ်ကို့ကိုရှာပုံတော်ဖွင့်ရတော့တယ်။ပထမဆုံးရှာတာက အလင်္ကာတို့
သတ္တမတန်းအဆောင် နဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့
ဒဿမတန်းအဆောင်မှာဖြစ်တယ်။ဒဿမတန်း မှာ သိပ္ပံ တွဲ နှစ်ခန်းနှင့်
ဝိပ္ပံတွဲ ငါးခန်းရှိပြီး ကျောင်းသားဦးရေ
600 ခန့်ရှိ၏။ သတ္တမတန်းကျောင်းသားလေး
အလင်္ကာဟာ ဒဿမတန်းအဆောင်တစ်ဝိုက်
နှံ့သွားသော်လည်း အစ်ကို့အရိပ်အယောင်တောင်
မမြင်လိုက်ရ။ဒီလိုနဲ့ ဒုတိယနေ့မှာ နဝမတန်း အဆောင်ဘက်ကို
ကူးဖို့ပြင်လေ၏။ အလင်္ကာလေး ညတိုင်းဘုရားရှိခိုး
အိပ်လို့ထင်ပါရဲ့။ အစ်ကို့ကို ဝိပ္ပံတွဲအခန်း (D) မှာ
တွေ့ခဲ့တယ်။အစ်ကိုက ရှပ်အင်္ကျီလက်တိုလေးနဲ့ သန့်သန့်ကလေး။
ဆံပင်ခပ်အုပ်အုပ်လေးကို လည်ဂုတ်အထက်မှာ
တိထားသေးတယ်။ မျက်မှန်ဝိုင်းလေးအောက်က
မှေးကျဉ်ကျဉ်မျက်ဝန်းလေးက ပုစ္ဆာတွေကိုသာ
အာရုံစိုက်နေလေရဲ့။ဘောပင်ကိုကျွမ်းကျွမ်းကျင်ကျင်လှည့်ကစားနေတဲ့
လက်သွယ်သွယ်လေးကို ဆုပ်ကိုင်ချင်မိတာများ။
နှုတ်ခမ်းမွှေးရေးရေးလေးအောက်က ပါးလှပ်လှပ်
နှုတ်ခမ်းလေးကို နမ်းချင်လိုက်တာများ။ပြည့်သိပ်လာတဲ့ခံစားချက်တွေကြောင့်
အလင်္ကာ အစ်ကို့ကိုစိတ်ထဲကနေတိုးတိုးလေး
တောင်းပန်မိတယ်။'ငယ်သူမို့ ခွင့်လွှတ်ပေးပါအစ်ကို။ '
ဒီလိုနဲ့ အူမြူးစွာပဲ သတ္တမတန်းအဆောင်ရှိရာ
တပ်ပြန်ဆုတ်ခဲ့ရတယ်။ အိမ်သာသွားပါရစေ
ဆိုပြီး လစ်ထွက်လာခဲ့တာမဟုတ်လား။
အတန်းချုပ်သိရင် ဘယ်ဘက်လက်ဝါးပြင်
အရှိုးရာထပ်ရချည်ရဲ့။ဒီနေ့အတွက်လည်း ချစ်ပါတယ်အစ်ကို။
__________________
#klwin1234
<<unicode >>
"ညီလေး ယူမလို့လား ။ "
"ဗျာ..."
အက်ရှရှလေးနဲ့ ယောကျ်ားပီသတဲ့အသံလေး။
အို.. အစ်ကိုရယ်။ ကျွန်တော် ရူးရချည်ရဲ့။
![](https://img.wattpad.com/cover/279978668-288-k518272.jpg)
YOU ARE READING
မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>