အတန်းဆင်းလို့ ငါးမိနစ်နီးပါးပင်စွန်းလုပြီဖြစ်သော
ကြောင့် အလင်္ကာအပါအဝင် ကျောင်းသူတစ်ယောက်
သည်တွန့်ဆုတ် တွန့်ဆုတ်နှင့် အတန်းရှေ့ထွက်လာ
ခဲ့လိုက်သည်။

အတန်းချုပ်၏ လက်သံသည် တကယ်ပြောင်ပါ၏။
အလင်္ကာ၏ ဘယ်ဘက်လက်ဝါးပြင်၌ နီညိုရောင်
ကြိမ်လုံးရာသည်အထင်အရှားကြီးဖြစ်ပေါ်လာသည်။

အလင်္ကာသည် ဘယ်ဘက်လက်ဖဝါးကိုသာ
ဆုပ်ချည်ဖြန့်ချည်လုပ်ရင်းပင် မုန့်ဈေးတန်းသို့
ပုဆိုးမကျွတ်ရုံတမယ်ပြေးရတော့သည်။

အလင်္ကာတို့ကျောင်းသည် မြို့နယ်အထက်တန်း
ကျောင်း တစ်ကျောင်းဖြစ်ပြီး ကျောင်းသားဦးရေ
5000 ဝန်းကျင်ရှိသည်။ မနက်ပိုင်းနှင့် နေ့လည်ပိုင်း
ခွဲထားသည့်အတွက် အလင်္ကာတို့ သတ္တမတန်းနှင့်
နဝမတန်း ၊ ဒဿမ တန်း သည် မနက်ခင်းပိုင်းဖြစ်
သည်။

မနက်ပိုင်းတွင်ပင် ကျောင်းသားဦးရေ 2600 ကျော်
ရှိရာ မုန့်ဈေးတန်းလေးသည် ထိုကျောင်းသားထု၏
တိုးဝှေ့မှုအကြား ကျပ်သိပ်လျက်ရှိသည်။ နည်းနည်း
လေးများနောက်ကျသွားလျှင် မုန့်ဈေးတန်းထဲရှိ
ကြာဇံကြော်သည် မရှိတော့။ လူကြိုက်များလှသည်။
တစ်ပွဲ နှစ်ရာကျပ်သာရှိပြီး ဆီရွှဲရွှဲနှင်ထိုကြာဇံကြော်
သည်ကျောင်းသားထုကြား ရေပန်းစားလှသည်။

မုန့်စားဆင်းချိန်ထက် ဆယ့်ငါးမိနစ်နီးပါးကြာသွား
သည့်အတွက် မုန့်ဈေးတန်း၌လူပင်အနည်းငယ်ကျဲ
နေလေပြီ။ ကြာဇံကြော်ပင်အသာထား ဆီမပါဆား
မပါနှင့်ကြော်ရောင်းသော ထမင်းကြော်ပင်ရှိသေးရင်
ကံကောင်းသည်ဟုဆိုရလိမ့်မည်။

အလင်္ကာ မုန့်ဈေးတန်းအစွန်ကျသော ကြာဇံကြော်
ဆိုင်လေးကိုမျက်လုံးဝေ့ကြည့်လိုက်တော့
ကြွပ်ကြွပ်အိပ် အကြည်ရောင်နှင့်ထုပ်ထားသော
ကြာဇံကြော်လေးတစ်ထုပ်တည်းသာရှိတော့သည်။

အလင်္ကာ လှိုက်ခနဲဝမ်းသာသွားပြီး ထိုကြာဇံကြော်
လေးအားလက်လှမ်းမည်အပြု ထိုကြာဇံကြော်လေး
သည် တစ်စုံတစ်ယောက်၏လက်ထဲပါသွားနှင့်ပြီ။

အလင်္ကာ၏ လက်ကလေးသည် လေထဲတွင်တန်းလန်း
ဖြစ်နေပြီး ထိုသူအား ဘုကြည့်ကြည့်လိုက်သည်။

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Where stories live. Discover now