part _ 1

169 15 3
                                        

<Unicode>
*အပြင်ဘက်မှာမိုးတွေသည်းကြီးမည်းကြီးရွာနေရောပေါ့.. jaeminတွေးနေရင်းနဲ့ဘဲ လက်ကနာရီကိုကြည့်မိတော့ ည11နာရီခွဲပြီလေ အခုလည်းကော်ဖီဆိုင်လေးထဲ ရောက်နေပြီး လက်ထဲမှာလည်း ကော်ဖီခါးခါးတစ်ခွက်ကို ကိုင်ထားရင်း ဖြည်းဖြည်းချင်းအရသာ ခံပြီးသောက်နေမိတယ် ..
အပြင်ဘက်မှာ ရွာနေတဲ့မိုးတွေကို အကြည်ရောင် ခြားထားတဲ့ မှန်လေးအပြင်ဘက်ကနေကြည့်ရင်း တွေးမိတာက.....*

*ကျွန်တော်ကော်ဖီခါးခါးတွေကို ကြိုက်ပါတယ် ကော်ဖီတွေဘယ်လောက်ခါးခါး ကျွန်တော့်ဘ၀လောက်မှ မခါးသက်နိုင်တာ။စဉ်းစားကြည့်ရင် အခြေအမြစ်မရှိသလိုထင်ရပေမဲ့ ကျွန်တော်ကော်ဖီခါးခါးတွေကို နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ အဲ့ဒါပါဘဲ။ ဘာလိုလိုနဲ့ ညဉ့်လည်းနက်လာခဲ့ပြီမို့ အိပ်ပြန်ဖို့လုပ်ရတော့မယ် တကယ်တော့လေ ကျွန်တော်အိမ်မပြန်ချင်ဘူးရယ် အိမ်ရောက်တာနဲ့ မမြင်ချင်တဲ့ လူတွေရဲ့မျက်နှာတွေကို မြင်ရအုံးမှာမလို့ ဒီလိုလေးနေရတာဘဲအေးချမ်းပါတယ်။*

~တီ....တီ....~📞

*၀င်လာတဲ့ phone callလေးတစ်ခု¶
jaemin ဖုန်းကိုကောက်ကိုင်လိုက်ပြီး ကြည့်မိတော့ မှတ်ထားတဲ့contactက appaတဲ့လား*

jm_*ဟာ..စိတ်ရှုပ်ရတဲ့ကြားထဲကွာ*

jm_"nae.appa"

jm appa_"na jaeminမင်းအခုထိပြန်မလာသေးဘူး အခုဘဲဘယ်အချိန်ရှိပြီလည်း မင်းကိုယ်မင်းဘာကောင်မှတ်နေတာလဲ အခုချက်ချင်းပြန်လာခဲ့ ဒီမယ်မင်းကြောင့်နဲ့ မင်းအမေအိပ်ရေးပျက်နေပြီမဟုလား"

jm_"ဟက်...အမေတဲ့လား? မိထွေးဆိုမိထွေးပေါ့ဗျာ လူကြားကောင်းအောင်ပြောမနေနဲ့"

jm appa_"မင်းကလေ ကြီးလေဆိုးလေဘဲ"

jm_"အဲ့လိုဖြစ်အောင် အဖေတို့ဘဲ ပုံသွင်းယူထားတာလေ။
ဒါနဲ့ သူကဘာလို့အိပ်ရေးပျက်ရတာလဲ(သားလေးအခုထိပြန်မလာသေးဘူးလား စိတ်ပူလိုက်တာ)ဆိုပြီး စောင့်နေတာဆိုတဲ့ ယုတ္တိမရှိတဲ့ စကား‌တွေတော့လာမပြောနဲ့ ..
ခဏနေပြန်လာမှာမို့ ဆက်ပွားမနေနဲ့တော့ ဖုန်းချလိုက်တော့မယ်"

jm_"မပြန်ချင်သေးပါဘူးဆိုကွာ..စိတ်ရှုပ်လိုက်တာ....
လူ30ပြည့်ရင်ပြန်လိုက်တော့မယ်"

rainWhere stories live. Discover now