CHAPTER 51 - That's stupid

Start from the beginning
                                    

"နာမယ်နော်​ တောင့်ခံထား" စုန့်ရီကဆေးပုလင်းလေး​ထဲကိုဂွမ်းပေါက်လေးနှစ်ပီး ဂရုတစိုက်သုတ်ပေးနေတယ်။

ကုရှသ်ချွမ့းကဆိုဖာပေါ်မှာမှီပီး သူ့ရဲ့အလေးအနက်ထားလုပ်နေတဲ့အမူအရာကိုမျက်လုံးမှေးကြည့်ရင်း "တကယ်လို့ငါသာအဝေးမှာရောက်နေရင် မင်းသူ့ကိုနမ်းခွင့်ပြုမှာလား?"

စုန့်ရီကသူ့ကိုတစ်ချက်ခေါင်းမော့ကြည့်လိုက်ပီး ခေါင်းပြန်ငုံ့ကာဆေးသေချာလိမ်းပေးနေတယ် "ဟင့်အင်း ငါ့ကသူ့ကိုတအားကြီးကန်ပစ်မှာပေါ့"

ကုရှင်ချွမ်းရဲ့အမူအရာကနူးညံ့သွားပီး ဖွဖွလေးနှာမှုတ်ကာ အကျင့်အတိုင်းအာဏာသုံးတော့တယ် "ငါတစ်ယောက်ပဲမင်းကိုနမ်းလို့ရတယ်ဆိုတာကို မင်းသတိရနေရမယ်နော်"

စုန့်ရီက 'oh' ဆိုပီးတည်ငြိမ်စွာနဲ့သံရှည်ဆွဲပြောလိုက်ပီး သူ့အမူအရာကတော့ ငါသိပီ ငါ့အဲ့တာကိုစဥ်းစားလိုက်မယ်ဆိုတဲ့ပုံဖော်ပြလာတယ်။ သူကညင်ညင်သာသာထပ်ပြောလိုက်တယ် "မင်းကနည်းနည်းစိတ်လိုက်မာန်ပါလုပ်တတ်တယ် သင်ခန်းစာနည်းနည်းပါပါးပေးရုံလောက်ပဲလုပ်မှာပေါ့ ဒီလိုကြီးတော့မရိုက်ရဘူးလေ"

ကုရှင်ချွမ်းကဂရုမစိုက်သလိုလှောင်လိုက်တယ် "ဒီတစ်ကြိမ်သူ့ကိုနည်းနည်းအလျှော့ပေးထားတာ နောက်တစ်ခါဆိုရင်တော့ ဒီကောင်အသေပဲ"

စုန့်ရီသူ့ရဲ့ကြောက်စရာခွန်အားကို တကယ်အံ့ဩမိတယ်။ ကုပါးပါးနဲ့ကုမားမားအရမ်းကောင်းတဲ့လူတွေနဲ့တူပီး ကုရှင်ချွမ်းကျမှဘယ်လောက်ကြမ်းစရာကောင်းလိုက်လဲ။ စုန့်ရီစိတ်ထဲမှာပဲသက်ပြင်းချလိုက်တယ် "နောက်တစ်ခါကျဒီလိုမလုပ်နဲ့ ပါးစပ်နဲ့​ဖြေရှင်းလို့ရတဲ့ပြဿနာတွေမှာလက်မသုံးရဘူး"

ကုရှင်ချွမ်းကအရှေ့ကိုကိုင်းကျလာပီး စုန့်ရီရဲ့နှုတ်ခမ်းပေါ်မှာ 'မွ' ခနဲလုပ်လိုက်တယ်။ စုန့်ရီခေါင်းမော့လိုက်တော့ သူတို့မျက်လုံးတွေကဆံသွားတယ်။ ကုရှင်ချွမ်းမျက်လုံးနက်နက်လေးတွေက တောက်ပနေပီးသူ့ကိုတည့်တည့်စိုက်ကြည့်နေတယ်။ သူ့ရဲ့မျက်တောင်ထူထူလေးတွေကမည်းနက်နေတယ်။ သူကြည့်ရတာ ခွေးအကြီးကြီးတစ်ကောင်နဲ့တူနေတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now