"ဘာတွေတော်နေတာတုံး ဖိုးဖိုး ရ ၊ ကျွန်တော်တို့ကိုပြောပါဦး "

သဘောတကျပြုံးကာ စကားတွေပြောနေသော ဖိုးဖိုး နားသို့ သွေး လျှောက်ကာသွားရင်း ပြောလိုက်သည် ။

"ဪ..မြေးတို့နိုးကြပြီလား ၊ ဒီမှာလေကွာ ရတီလေး က ဖိုးဖိုးအတွက်မွေးနေ့လက်ဆောင်ပန်းချီကား "

ဖိုးဖိုး ပြလာသည့် မှန်ဘောင်အချပ်လေးအား ယူကြည့်လိုက်တော့ ဝိုင် ကော ဦး ပါ မျက်ခုံးပင့်မိသွားကြသည် ။ ရတီလေးမှာလည်း အနုပညာဗီဇလေးတွေ ရှိနေတာပါပဲလား ။

"ကိုကို့ ညီမလေး က ကိုကို့ထက်တောင်ဆွဲတတ်နေပြီလားကွာ ဟင် "

ဝိုင် , အသည်းယားစွာ ရတီလေး၏ ပါးဖောင်းဖောင်းလေးအား ညှစ်ကာ ပြောလိုက်သည် ။

"ဟာ..ကိုကိုကလည်း ပါးကိုမညှစ်ပါနဲ့ ၊ မီးမီး က ဒီနေ့ ဧည့်သည်တွေလာရင် ဧည့်ခံမလို့ အလှသေချာပြင်ထားရတာ "

ရတီလေး ၏ အဖြေကြောင့် လူကြီးသုံးယောက်လုံးလည်း ရယ်မောဖြစ်ကြတော့သည် ။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ဖိုးဖိုး ၊ ကျွန်တော်တို့နဲ့လည်း နောင်နှစ်ပေါင်းများစွာထိ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်းနိုင်ပါစေ "

"ကျွန်တော့်ဆုတောင်းလည်း Bae နဲ့တူတူပါပဲ ဖိုးဖိုး "

"ကျေးဇူးပါပဲမြေးတို့ရာ ၊ မြေးတို့တွေရှိလို့ပဲ ဖိုးဖိုးက အသက်ရှည်ပြီး စိတ်ချမ်းသာနေရတာ ၊ ဒါနဲ့ မြေးသွေး ကော အခုခေါင်းထဲကဘယ်လိုနေသေးလဲ ၊ ကိုက်သေးလား "

"မကိုက်တော့ဘူး ဖိုးဖိုး ၊ အဆင်ပြေနေပြီ "

အဆိုးထဲကအကောင်းဟုပင်ဆိုရမည် ။ တစ်နေ့ကဖြစ်သွားသည့် သူရိန်မင်း တို့နှင့်ကိစ္စတွင် ထိခိုက်မိသွားရာမှ မေ့နေသည့် မှတ်ဉာဏ်တို့ကို ပြန်လည်သတိရလာခဲ့လေသည် ။ ဆိုးသည်ကတော့ ဖိုးဖိုး မွေးနေ့တွင် ခေါင်းပေါင်းဖြူဖြူ နှင့်ဖြစ်နေရခြင်းပင် ။

ဝိုင် ( Y ) [Completed]Where stories live. Discover now