Part 47 ( Uni ) 🔞

27.3K 2K 275
                                    

ဝိုင် ( Y )

Part 47

Unicode

Warning : ၁၈ နှစ်အောက်ကလေးလေးတွေ မု နော် 🔞

"တီ..တီ..တီ..တီ.."

Door Key ဖွင့်ကာ ဝိုင် ဝင်လာလိုက်တော့ ဖိနပ်စင်တွင် အနက်ရောင် ရှူးဖိနပ်တစ်စုံ ။ တနည်းအားဖြင့် ဝိုင် ကိုယ်တိုင် ဦး အတွက်သီးသန့်ဒီဇိုင်းဆွဲကာ ဖန်တီးပေးထားသည်မို့ သေချာပါသည် ဦးရောက်နေတာ ။ စိတ်ထဲတွင် ပင်ပန်းသမျှ အမောတွေယူပစ်လိုက်သလိုပင်ပျောက်ကွယ်သွားရသည် ။

"ဦး..ဦး ရောက်နေတာလား ..ဘယ်မှာလဲ "

အိပ်ခန်းထဲသို့ ဦးစွာ ဝင်ပြီး နာမည်ခေါ်ကာရှာဖွေလိုက်သော်လည်းမတွေ့ Kitchen ထဲတွင်လည်းမရှိ ။

"ကိုယ့် ကိုရှာနေတာလား "

ရုတ်တရက်နောက်မှရောက်လာကာ ခါးမှနေ၍ သိုင်းဖက်လာသော ဦး..အများနဲ့မတူတဲ့ ကိုယ်သင်းရနံတို့ကို မရခဲ့နာကြာပြီမို့ ဝိုင် လွမ်းနေခဲ့တာ..။

"ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ "

ဦး အားမျက်နှာချင်းဆိုင်ကာ လွမ်းနေရသောရင်ခွင်ကျယ်ကြီးထဲသို့ တိုးဝင်ရင်းစကားဆိုလိုက်သည် ။

"ကိုယ့် ကိုအဆက်ဖြတ်ထားတာဘယ်သူလဲ ပြော "

"ဟာ..အဲ့တာကလေ ဖုန်းကကွဲသွားလို့ ဆိုင်ပို့ထားရတာ ဦး ရ ၊ မနက်ဖြန် မှ ပြင်ထားတာရမှာ "

စတွေ့တုန်းကလို ပိန်ညှက်ညှက်လေး မဟုတ်တော့ဘဲ အရပ်လေးအနည်းငယ်ပိုရှည်လာ ပြီးယောကျာ်းလေးဆန်ဆန် Muscle လေးတွေဖြင့်ဖြစ်လာသော ကောင်လေးသည် အခုတော့လည်း သူ့ကွဲသွားသည့် ဖုန်းလေးအကြောင်းကိုပြောတော့ နှုတ်ခမ်းလေးကစူတူတူ..ကပ်စေးကလည်းနည်းတတ်ပါသေးသည် ။

"ဟုတ်ပါပြီ..ဒါဖြင့် လည်း ရေချိုးတော့လေ ၊ ပြီးရင် ညဈေးတန်းမှာ ညစာစားကြရအောင် "

"ဦး ပြောမှ ဗိုက်ဆာလာပြီ ။ ရေမြန်မြန်ချိုးလိုက်အုံးမယ် ။ မနက်ကတည်းကအလုပ်ရှုပ်နေလို့ ကော်ဖီ နဲ့ ပေါင်မုန့်ပဲ စားရသေးတာ "

ဝိုင် ( Y ) [Completed]Where stories live. Discover now