part 9

8.8K 633 165
                                    

Zawgyi

ဒီနေ့ရဲ့မနက်ခင်းလေးကတော့ကျွန်မအတွက်အလှပဆုံးဖြစ်နေခဲ့သည်။
မြတ်နိုးရပါသော် ကလေးငယ်လေးက ကျွန်မရင်ခွင်ထဲအိပ်ပျော်
နေဆဲပင်။ ကလေးငယ်အိပ်ပျော်နေပုံလေးက သိပ်ချစ်ဖို့ကောင်းတာ
ကျွန်မလည်း ကလေးငယ်ပုံလေးကို သိမ်းဆည်းထားချင်သဖြင့်
ဖုန်းကင်မရာဖြင့်ရိုက်လိုက်မိသည်။

ကလေးငယ်ကို ရင်ခွင်ထဲက အသာအယာဖယ်ထုတ်လိုက်ပြီး
ကျွန်မရေချိုးခန်းထဲဝင်သွားလိုက်သည်။ ခနကြာတော့
ရေချိုးသန့်စင်နေတုန်း အပြင်မှ ငိုသံသဲ့သဲ့ကြားလိုက်ရသည်။
ကျွန်မ စိတ်တွေပူနေမိတယ်။ ထို့ကြောင့်သပတ်လေးအမြန်ဝတ်
ဆင်ပြီးရေချိုးခန်းမှထွက်လိုက်သည်။

"ကလေး ဘာလို့ငိုနေတာလဲ''

ခုတင်ပေါ်ငုတ်တုတ်လေးထိုင်ပြီးခန္ဓာကိုယ်ကိုစောင်ပတ်ထားပြီး
ငိုနေတယ့်ကျွန်မကလေးအနားကိုသွားတော့ကြောက်ရွေ့နေရှာသည်။

"အနားကိုမလာနဲ့ ကြောက်....​ကြောက်တယ်''

"jane mar ကိုအဲ့လောက်တောင်ကြောက်သွားတာလားlili''

"ကြောက်တယ် ပြီးရင် မုန်းတယ်''

မုန်းတယ်တဲ့လား ကလေးငယ်ရဲ့အမုန်းခံရမယ့်အစား
jane mar လောကကြီးထဲကနေပျောက်သွားတာတောင်
ပိုကောင်းလိမ့်မယ်။

"ညက လုပ်ရပ်အတွက် jane mar တောင်းပန်ပါတယ်ကွယ်
ကလေးကိုချစ်လွန်းတယ့်စိတ်တစ်ခုတည်းနဲ့လုပ်ခဲ့မိတာပါ
ကလေးကို အခြားသူစိမ်းယောကျာင်္းတစ်ယောက်နဲ့တွဲမြင်ရတော့
jane mar ရဲ့ ဟောဒီက နေရာလေးက နာကျင်လွန်းလို့သေမတက်
ခံစားနေရတယ် သိရဲ့လား''

ကလေးငယ်ရဲ့လက်ကို ကျွန်မဘယ်ဘက်ရင်ဘတ်ပေါ်တင်ပြီး
ပြောဆိုခဲ့သည်။

"ရှင် ပြောတော့ ချစ်ရမယ့်သူရှိတယ်ဆို''

ကလေးငယ်က ကျွန်မကို ' ရှင် ' တဲ့ ။
ဒီစကားလုံးလေးက နားဝင်ခါးလိုက်တာ။

"ချစ်ရတယ့်သူက lili ဆိုတဲ့ နှင်းပန်းလေးပါကွယ်
အဲ့ဒီ့နှင်းပန်းလေးကို ဟိုးကလေးဘဝတည်းက ချစ်ခဲ့တာကို
နှင်းပန်းလေးက မသိခဲ့ဘူးလေ''

JANE MAR Where stories live. Discover now