1

3.1K 175 5
                                        

"အန်တီ baekhyunရောဟင်.."

baekhyunရှိမယ်ထင်ပြီးအိမ်ထဲကို ဒုန်းဒိုင်း
ဝင်လာခဲ့ပြီးမှ ကိုယ့်ကိုဧည့်ခန်းထဲကနေ ပြုးပြဲ၍
လှမ်းကြည့်နေပါသော baekhyun၏မေမေကို
တွေ့လိုက်ရတော့ ကမန်းကတန်းကိုယ်ရှိန်သတ်
လိုက်ရကာ မျက်နှာပိုးကို မသေသေတဲ့နည်းနဲ့လျင်မြန်စွာ သတ်လိုက်ရပြန်သည်။

"သူ့အခန်းထဲမှာ ရှိတယ်သားရဲ့ အိပ်နေတယ်
ထင်တယ်.."

"ဪ အာ့ဆို ခွင့်ပြူပါဦး အန်တီ ကျွန်တော်
သူ့ဆီသွားလိုက်ဦးမယ်.."

ပြုံးပြုံးလေးသာ ခေါင်းငြိမ့်ပြလေတဲ့ baekhyun
၏မေမေကြောင့် chanyeolတစ်ယောက် အပေါ်ထပ်ပြေးတက်လာခဲ့ပြန်သည်။

အင်း...ငယ်ငယ်လေးထဲက အိမ်ချင်းကလဲ ကပ်
ရက် ရှိနေကာ အတူတူကြီးပြင်းလာကြသည်မို့တစ်ယောက်အကြောင်းတစ်ယောက်က အတွင်းရောအဆင်းပါ အားလုံး တစ်သွေမတိမ်းသိသည်လေ။

လူကြီးမိဘချင်းကလဲ အလွန်ပင်ရင်းနှီးကြသည်မို့ကိုယ့်ကလေး သူချစ် သူ့ကလေးသူချစ်နှင့် မိတ်
ရင်းဆွေရင်းတွေပင်..

"baekhyun !! byun baekhyun..တံခါးလာ
ဖွင့်ပေးဦးကွာ ဟျောင့် မကြားဘူးလားငါအော်နေတာ..!!"

"အီး...ဘာသံလဲကွာ"

ကုတင်ပေါ်လူးလိမ့်ရင်း နားနှစ်ဖက်ကိုခေါင်းအုံးနဲ့
ဖိအုပ်ထားပါသော်လည်း အလွန်အောင်လှပါသောအသံဩဩကြီးကြောင့်baekhyun၏
နတ်သမီးခုနှစ်ဖော်နှင့် အိပ်မက်မက်နေသော အိမ်မက်ကောင်းလေးခမျာ..နှမြောတသစွာ
ပျေက်ကွယ်သွားချေပြီ...

စိတ်တိုလိုက်တာ စိတ်တိုလိုက်တာ..

" yarr !!! byun baekhyun..."

"ဒုန်း ဒုန်း ဒုန်း.."

တံခါးကို မဖွင့်မချင်း တဒုန်းဒုန်း ကိုထုနေတော့တာပဲ..မရတော့ဘူး ..ဘယ်လိုမှကိုဆက်အိပ်လို့မရတော့ဘူး...

ခေါင်းအုံးကို ကုတင်အောက်ကန်ထုတ်လိုက်ရင်း
ကုတင်ပေါ်က ဝုန်းဒိုင်းဆိုဆင်းချလာကာ တံခါးကိုပါဆော့အောင့်၍ တွန်းအဖွင့်..

ဒုတ်..

"အား !!သေပါပြီ အမေရဲ့.. "

Oh my god ....
chanyeol နှာခေါင်းကြီးနီရဲသွားပါတကား..

"SAKURA "(Complete)Where stories live. Discover now