အရင် အခုလောက် ပြောရင် တံခါးလာဖွင့်ပေးပြီ စိတ်ပူလာတာနဲ့ သော့ပို တစ်ချောင်းယူပြီး ဖွင့်တော့ ကုတင်ပေါ် မှောက်ခုံ ကားယား ကြီး အိပ်ပျော်နေသော
အကျီလည်း မပါ boxer တစ်ထည်ပဲ ပါသည်
တံခါးတွေကလည်း ဖွင့်ထားတော့ လေစိမ်းတွေကတိုက်
ဒီ ငပေလေးကတော့ ဖျားတော့မယ် ဒင်းဖျားရင် မနေရတာက ကိုယ်ပဲဖြစ်သည်
ဆေးသောက်ဖို့ အစားစားဖို့ ဂဂျီဂဂျောင် တအားကျသည်
သူဖျားလျှင် တော့ ညီ တောင် မသိလိုက် ဒင်းကတော့ weak လွန်းသည် အားမရ
အင်း သူ အားမှ check up လုပ်ပေးရဦးမည်

'ညီ ညီ ထ ထ မအိပ်နဲ့တော့

ဘယ်လောက် နိုးနိုး ပြောမရ မထ
ကိုယ်ပူလား စမ်းကြည့်တော့ နွေးနေပြီ
လက်လျှော့လိုက်ရင်း ညဝတ်အကျီ တစ်စုံ ကောက်ဝတ်ပေးလိုက်သည်
ညစာ စားဖို့ လုပ်ပြီး မှ ထပ်နိုးတော့မည်
ညီ့အတွက် ဆန်ပြုတ် လုပ်ရမည်
ညီက ရယ်ဒီမိတ် ခနောကို မကြိုက် ညီ့အကြိုက် သူကိုယ်တိုင် သေချာ ကြိုပေးထားသည့် ဆန်ပြုတ်မှ သောက်သည် ဒါတောင် ချော့တိုက်ရသည်
သူ့ဆန်ပြုတ်တွင် ပုဇွန်ထုပ်အသားတွေနုတ်နုတ်စင်းထည့်သည် ကြက်သားဖက်တွေကို အနေတော်တုံးပြီးထည့်သည် ဂုံး ဝယ်ထားတာ ရှိရင် ဂုံးပါ ထည့်သည် အရသာမှုန့်အနေတော် ထည့်ပြီး ကြက်သွန်မြိတ် ငရုတ်ကောင်း အနည်းငယ်ဖြူးလိုက်ရင် ရပြီ
သူ့ကတော့ ကြက်ဥကြော် နှင့် ပြီးသည်
ပြင်ဆင်ပြီးတော့ ကိုယ်တော်လေးကို ထပ်သွားနိုးရသည်

'ညီ ထ တော့ စားပြီး ဆေးသောက်ပြီးမှ ပြန်အိပ်'
.....
မထနိုင် လူက ဂျစ်ချင်သေးသည်
တကယ်တော့ ခုနကတည်းက နိုးသည် တမင် မထချင်လို့ကို မထ
သူဆိုတာ အ့လို ...ကိုကို့ရဲ့ စိတ်ရှည်တဲ့ limit ကို နည်းနည်းတော့ ကျော်လွန်လိုက်ရမှ
အတွေးမဆုံးလိုက်

'ဖြန်း '

'အား......'
ညနေက မညှာမတာ ရိုက်ခံထိထားတဲ့ မက်မွန်သီး 2လုံးကို လက်ဝါးကြမ်းကြီးနဲ့ ထဆော်တာလေ ကြည့်ပါလား သူ့ကို စိတ်မရှည်ပါဘူးဆို
ကိုယ်အပူရှိန်ကြောင့် မူးနောက်နောက် ဖြစ်နေတဲ့ ခေါင်းတောင် ပိုနောက်သွားသည်

'ထ နော် နိုးနေတာ ကိုကို သိတယ် ...'

'မထဘူး ကိုကိုက ညီ့ကိုဆို အမြဲပဲ စိတ်မရှည်ဘူး
ညီ အရမ်း ဝမ်းနည်းတယ် သိလား သိလား.....အီး ဟီး ...'

Sweet December ❄️Where stories live. Discover now