'ရွှမ်း ...
ရွှမ်းရွှမ်း

'အ  အ ... ကိုကို

နှစ်ခေါက် ခေါက်ထားတဲ့ အားသွင်းကြိုးကို လက်မှာပတ်လိုက်ပြီး ဖင်ပေါ်ကို အားနဲ့ နီးနီးကပ်ရိုက်လိုက်တော့ အသိပေးချင်းမရှိတဲ့ နာကျင်မှုတွေ အလုအယက် ဝင်ရောက်လာပြီး လူလည်း ကိုကို့ ချုပ်ထားတဲ့ ကြားက ကို့ယို့ကားယားဖြစ်

'ရွှမ်း ရွှမ်း ရွှမ်း ...
..... ရွှမ်း ရွှမ်း

'အ အ အား ကိုကိုရေ ကြောက်ပါပြီ နောက်ကိ​ု မလုပ်တော့ပါဘူး ....တောင်းပန်ပါတယ်'

ယောင်ယမ်းပြီး လက်ကာမိတော့ ကိုကိုက ထိုလက်ကို လှမ်းချုပ်ရင်း ကြွတက်လာတဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ဖိချလိုက်တော့ ပြီးပါလေရော
အားကစား အမြဲလုပ်တဲ့ လူတစ်ယောက်ဆိုတော့ ရဲဆက်သွင်ကို ချုပ်ထားဖို့ရာ ကိုကို့အတွက်က အသာလေး
ကျန်တဲ့ 7ချက်ကို မလှုပ်နိုငိပဲ အော်ဟစ် ဆူပူရင်း နဲ့သာ ပြီးဆုံးသွားသည်
............
' ထ boxer ဝတ်
အခန်းထဲ သွားနှင့်
ကိုကိုလိုက်လာခဲ့မယ် ဆေးလိမ်းပေးမယ်'

ကျောလေးပုတ်ရင်း ဆွဲထူလိုက်တော့ boxer ပြန်ဝတ်ပြီး

' မလိမ်းဘူး မလိမ်းဘူး ကိုကိုက မတရား ရိုက်ပြီး ခုကျမှ ကြင်နာချင်ယောင်ဆောင်မနေနဲ့
မခေါ်ဘူး ကိုကို့ ကို ... ဟင့် '
ပြောဆိုကာ ဆောင့်ကြီး အောင့်ကြီးနဲ့ အခန်းတက်သွားလေရဲ့

ကဲ ဒီအဆိုးလေးကတော့ ထပ်လုပ်လည်း သေတော့မယ်
ဆိုဖာတခုလုံးလည်း သူ့မျက်ရည် နှပ်ရည်တွေနဲ့ ရွှဲ
ဒီခလေး ဘယ်တော့များမှ ရင့်ကျက်မှာတုန်း ....ဟူး
သူလည်း ပစ်ထားလိုက်သည်
သူ့အပစ်နဲ့သူ အရိုက်ခံရတာများ လူကို ကောက်လား ကက်လားနဲ့

မြသန်းတင့် ရဲ့ သုခမြို့တော် ဖတ်နေရင်း အချိန်တွေ ကုန်မှန်း သတိမထားမိလိုက်
နာရီကြည့်တော့ 7နာရီ ထိုးပြီ
ညနေကတည်းက တက်သွားတဲ့ ငဆိုးကောင်လေး အခန်းက ဘာသံမှ မကြားရ
တက်ကြည့်ဦးမှ ဘာဖြစ်နေပြီလဲ မသိ
တံခါးဖွင့်တော့ အထဲက ဂျက်ချထား

'ရဲဆက်သွင် ဖွင့် တံခါး
အိပ်နေတာလား မအိပ်နဲ့တော့နော် နေမကောင်းဖြစ်မယ်
'ဒုန်း ဒုန်း .... ညီ ညီ ကိုကို ပြောနေတာ ကြားလား'

Sweet December ❄️Where stories live. Discover now