Nway Oo Fighter

2.6K 387 24
                                    

(Zawgyi)

" -ျီးပဲဟေ့..ငိုးးမသားတွေ "

" ဟာကွာ.. -ီးဖစ်လို့ အသေရိုက်နေရလား.. ကမကလတွေ.. "

" ငလူးမသားတွေ.. လက်နက်အားကိုးပြီး လုပ်ချင်ရာလုပ်နေကြတာ.. သတ္တိရှိရင် by one ဆွဲကြပါလား.. ယီးလိုပဲ "

ဖုန်းထဲက သတင်း​တွေကိုကြည့်ပြီး အဆဲထောပနာသံအဆုံး ပစ်ထုတ်ခံလိုက်ရတဲ့ ဆိုဖာကူရှင်လေး။ by one ဆွဲဖို့ပြောနေတဲ့သူကိုကြည့်လိုက်​တော့ ခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်မှာ ပတ်တီးအဖွေးသား။

" ဘာကြည့်,ကြည့်နေတာလဲ.. ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ "

" ဟောဗျာ.. ကိုယ်က ဘာပြောရသေးလို့လဲ "

" ခင်ဗျားမပြောပဲ ရပ်ကြည့်နေတာကိုက မရိုးသားဘူး.. ပုံစံကိုက ဒလန်ရုပ်နဲ့ 😒"

" ဟျောင့်.. ရစ်ထုပ်.. မင်း မိုးမလင်းသေးဘူး.. ဘာတွေရစ်ချင်နေတာလဲ.. ပြော "

ပြောလိုက်တော့ ဆူပုပ်ပုပ်နဲ့ ပေါင်မုန့်အလွတ်တစ်ချပ်ကို အမဲဖြတ်သလိုစားရင်း ပေစောင်းစောင်းကြည့်လာသည်။

" ကဲ.. ပြောပါဦး.. ဘာတွေအလိုမကျဖြစ်နေလဲ.. ဆံပင်တွေတောင်ရှည်နေပြီပဲ.. ညှပ်ရတော့မယ်နော် "

သူ့ဘေးနားဝင်ထိုင်ပြီး မျက်ခုံးအစပ်ကျော်ထိရှည်နေတဲ့ဆံပင်​လေး​တွေကို သပ်တင်ပေးရင်းမေးလိုက်သည်။

" ကျွန်တော်လည်း လိုက်ချင်တယ် "

" ဒီပုံစံနဲ့ ဘယ်ကိုလိုက်မလို့လဲကွာ.. အိမ်ထဲမှာပဲ keyboard fighter လုပ်နေ.."

" ကောင်းနေပြီဟာကို.. အခုလည်း တစ်ယောက်ထဲသွားနိုင်လာနိုင်နေတာပဲကို.. လိုက်ချင်တယ်..အိမ်မှာထဲ နေ,နေရတာ တာဝန်မကျေသလိုခံစားရတယ် "

ခပ်တိုးတိုးလေးပြောရင်း ရင်ခွင်ထဲခေါင်းလေးတိုးရင်း ခွေးပေါက်လေးလို အီနေတဲ့ကောင်လေး။ တော်လှန်ရေးအစောပိုင်းကာလတုန်းက ကိုယ်နဲ့နှစ်ယောက်အတူ သွားလာနေရတော့ အားလုံးအဆင်ပြေသည်။

နောက်ပိုင်းကျတော့ သူကလည်း သူတို့ကျောင်းအလိုက်ထွက်တဲ့သပိတ်ကြောင်းနဲ့ လိုက်ချင် ၊ ကိုယ်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေရသည်မို့ သူနဲ့အတူတူ အရင်လိုမလိုက်နိုင်ခဲ့။ ကိုယ်နဲ့အတူမရှိတဲ့တစ်ရက်မှာပဲ ရလာခဲ့တဲ့ဒဏ်ရာက ခြေကျင်းဝတ် နဲ့ လက်ကောက်ဝတ်ဒဏ်ဖြစ်လာခဲ့တာပင်။

One Shot StoryWhere stories live. Discover now