လင်းရှီ လှည့်မကြည့်ပဲ လက်သာ အသာပြလိုက်သည်။

"သန့်စင်ခန်း!"

လင်းရှီ၏ အသံနှင့် လမ်းလျှောက်ပုံမှာ ပုံမှန်အတိုင်းသာ ဖြစ်၍ ကျန်သုံးယောက်မှာ သူ့နောက်သို့ လိုက်မသွား လိုက်တော့ပေ။

သန့်စင်ခန်းမှ ပြန်လာပြီးနောက်ပိုင်း ကိစ္စများကို သေချာ မမှတ်မိတော့လည်း အနီးအနားရှိ တွေ့ရာ ပုလင်းများကို ကောက်သောက်နေတာတော့ သေချာ မှတ်မိသေးသည်။

အမူးသမား ထန်ရိတောင်မှ အမူးပြေသွားပြီ ဖြစ်ပြီး လင်းရှီ သောက်ထားသည့် ပုလင်း အရေအတွက်ကို လိုက်ရေမိသည်။ လုလင်းရှင်း ဘားကောင်တာတွင် လှဲအိပ်နေသည့် လင်းရှီ၏ ပါးကို ခပ်ပါးပါး ပုတ်ကာ နိုးလိုက်သည်။ သို့သော် လုလင်းရှင်း၏ လက်မှာ အမူးသမားတစ်ကောင်၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရသည်။

"ငါ့ကို လာပြီး စောက်နှောင့်ယှက်တာ ရပ်စမ်း!"

လုလင်းရှင်း သက်ပြင်းသာ ချလိုက်ရသည်။

"ဘယ်လိုတွေတောင် သောက်ထားရတာတုန်း!"

ကောင်တာက မော်ဒယ်တစ်ယောက်ကို ဖက်ထားသည့် သခင်လေးများထဲမှ တစ်ယောက်က လှမ်းပြောလာသည်။

"သခင်လေးလင်း တစ်ယောက် အလွန်အကျွံ မူးနေပြန်ပြီလား"

လုရှီကျားမှာ မူးနေသည့်လူကို ကြည့်ရင်း အစ်ကို ဖြစ်သူဘက်ကို လှည့်လိုက်သည်။

"အစ်ကို~ ဘာဆက်လုပ်ကြမလဲ"

"ဘာလုပ်ရမှာတုန်း! လင်းအိမ်က တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး လာကြို ခိုင်းရမှာပေါ့!"

လုရှီကျား အစ်ကို ဖြစ်သူ၏ စကားအတိုင်း လင်းရှီ၏ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ အစ်ကို ဖြစ်သူထံသို့ လှမ်းပေးလိုက်သည်။

"လင်းအိမ်တော်က လင်းရှီကိုဆို အရိပ်တကြည့်ကြည့် ထားတာ! သူ ဒီလောက်သောက်ထားတာကို သူ့အစ်ကိုသာ သိရင်တော့ လင်းရှီ သင်ခန်းစာ ပေးခံရပြီပဲ!"

လုလင်းရှင်း လင်းရှီ၏ လက်တစ်ဖက်ကို ဆွဲယူကာ လက်ဗွေရာ ယူ၍ ဖုန်းကို ဖွင့်လိုက်သည်။ ထို့နောက် contactဖွင့်ကာ လင်းရှီ၏ အစ်ကိုဖြစ်သူ ဖုန်းနံပါတ်ကို ရှာလိုက်သည်။ ထိုစဉ် contactထဲ ဒယ်ဒီဟု ရေးထားသည့် အဝင်ကောလ်တစ်ခု တွေ့လိုက်ရသည်။

Spice Of Loveजहाँ कहानियाँ रहती हैं। अभी खोजें