အခန်း(၅)

792 131 0
                                    

လင်းရှီမှာ စားပွဲဝိုင်းလေးတွင် ထိုင်ကာ ပြန်လည် သုံးသပ် တောင်းပန်စာ ရေးနေခဲ့ပြီး သူ့မျက်နှာချင်းဆိုင်က အလုပ်စားပွဲတွင်မူ တစ်ဦးတည်းသော သက်ဆိုင်သူကြီးက video callဖြင့် အစည်းအဝေးခေါ်ကာ လက်အောက် အဖွဲ့ဝင်များနှင့် ဆွေးနွေးနေခဲ့သည်။

ထိုအခိုက်အတန့် သွမ့်ရှန်တစ်ယောက် စာကြည့်ခန်း တံခါးနားက ရေသန့်စင်စက်ဆီသို့ သွားကာ ရေနှစ်ခွက် ထည့်ခဲ့ပြီး တစ်ခွက်ကို စာရေးနေသည့် လင်းရှီအနား သွားထားပြီး တစ်ခုကို သူ့စားပွဲသို့ ပြန်ယူလာခဲ့သည်။ တစ်ဖက်က သွမ့်ရှန်၏ လူများမှာ သူတို့ဘောစ့်က ထသွားစဥ် ဘော့စ်၏ထိုင်ခုံနောက်က အရုပ်များအပြည့်ဖြင့် စင်ကြီးကို တွေ့လိုက်ရသည်။

သွမ့်ရှန်တစ်ယောက် ပြန်ရောက်လာချိန်တွင် လူတစ်ယောက်က သွမ့်ရှန်၏ နောက်က အရုပ်စင်ကို လက်ညှိုးထိုးပြကာ အံ့သြစွာ မေးလာသည်။

"မစ္စတာသွမ့်! စာအုပ်တွေက ဘယ်ရောက်သွားတာလဲ"

သွမ့်ရှန် မျက်နှာတည်ဖြင့်သာ ပုံမှန်လေသံဖြင့် ပြန်ဖြေလိုက်သည်။

"စတိုခန်းထဲမှာ!"

မေးသည့်လူမှာ နှုတ်ခမ်းနှစ်ခါ တွန့်သွားပြီး...

"အဲ့ဒါတွေက မူရင်းထုတ်ဝေထားတဲ့ စာအုပ်တွေ မဟုတ်ဘူးလား။ မစ္စတာသွမ့်က သားကို အရမ်း အလိုလိုက်တာပဲ"

သွမ့်ရှန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးတက်သွားသည်။

သားသားလေး လင်းရှီ : "........"

"အဲ့အရုပ်တွေ အကုန် မစ္စတာသွမ့်ရဲ့ သား ပိုင်တာတွေမလား"

သွမ့်ရှန် အဖြေပြန်မပေးပဲ မျက်နှာချင်းဆိုင် စားပွဲက သားသားလေး လင်းရှီကို လှမ်းကြည့်လိုက်သည်။  စာမျက်နှာတစ်ဝက်သာ ရေး၍ ပြီးသေးသည့် လင်းရှီမှာ ဘောပင်ကို နှုတ်ခမ်းတွင် ကိုက်ထားပြီး အပေါ်ပိုင်း တစ်ကိုယ်လုံးကို စားပွဲပေါ် တင်ထားသည်မှာ ကြောင်ပျင်းလေး ဝပ်နေသည့်အတိုင်းပဲ။

ထိုအချိန်တွင်မှာပင် ကြောင်ပျင်းလေး လင်းရှီမှာ အမိန့်ပေးသံ ကြားလိုက်ရသည်။

Spice Of LoveWhere stories live. Discover now