အခန်း(၄)

Start from the beginning
                                    

"ဒါတွေကို ကျွန်တော့ အခန်းထဲ သွားထားလိုက်မယ်!"

"အိပ်ခန်းက စတိုခန်း မဟုတ်ဘူးနော်~"

လင်းရှီ၏ မျက်နှာလေး ချဉ်သွားကာ မကျေနပ်မှုများ ပြည့်နေသည့် အသံသေးသေးလေး ထွက်လာသည်။

"ဒါတွေကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အိပ်ခန်းထဲ သွားထားမှာ! ခင်ဗျားရဲ့ အခန်းထဲ မထားပါဘူးနော်!"

"ကျွန်တော့်အခန်း?"

သွမ့်ရှန် အရှေ့မှ လူကြီးလေးကို ကြည့်ရင်း အနည်းငယ် ရယ်ချင်လာရသည်။

"မင်းတစ်ယောက်ထဲရဲ့ အခန်း မဟုတ်ဘူးလေ! မင်းလေးကသာ မင်းရဲ့ ခေါင်းအုံးနဲ့ အဝတ်အစားတွေကို ကိုယ့်အိပ်ခန်းထဲ လာထားထားတာ မဟုတ်ဘူးလား"

အဖြစ်အပျက်များကို သတိရသွားပြီးနောက် လူကြီးသေးသေးလေး၏ မျက်နှာမှာ နီစွေးသွားရတော့သည်။

လက်ထဲမှ ပစ္စည်းများကို သေချာကိုင်လျက် သွမ့်ရှန် စတိုခန်းဆီသို့ ဦးတည်လိုက်သည်။ မျက်နှာနီရဲလျက်နှင့် လူကြီးလေးမှာ သူ့နောက် တောက်လျှောက် လိုက်လာလေသည်။

"ကျွန်တော့်ရဲ့ ရတနာတွေကို ဘယ်မှာထားဖို့ စီစဉ်ထားတာလဲ"

"စတိုခန်း!!"

"နိုး!!!"

လင်းရှီ ပါးများကို စိတ်တိုစွာ ဖောင်းလိုက်သည်။

"ကျွန်တော် သဘောမတူဘူး!"

သွမ့်ရှန် ထိုလူကြီးပေါက်စအား ပြန်လှည့် ကြည့်လိုက်သည်။

"မင်းလေးရဲ့ ငြင်းဆိုမှုက မထိရောက်ဘူး! လင်းရှီ! ကိုယ်တို့ ရှင်းရှင်းလင်းလင်း သိထားရမှာက ဒါက ဘယ်သူ့ရဲ့ အိမ်လဲ"

လင်းရှီ၏ မျက်လုံးလေးများ ဝိုင်းစက် သွားရပြီး လက်မခံစွာဖြင့် တွန့်ဆုတ် တွန့်ဆုတ် ပြန်ငြင်းလေသည်။

"လွန်ခဲ့တဲ့ တစ်နာရီတုန်းက ခင်ဗျား..ခင်ဗျား မပြောခဲ့ဘူးလား"

"အိုး"

သွမ့်ရှန် ကောက်ကျစ်စွာဖြင့် နှုတ်ခမ်းစွန်း တစ်ဖက် ပင့်မလိုက်သည်။ ခဏက ပြောခဲ့သည့် စကားများကို လုံးလုံးလျားလျား မေ့ဟန်ဆောင်ပစ်သည်။

Spice Of LoveWhere stories live. Discover now