အခန်း(၅)

Începe de la început
                                    

"မတ်မတ်ထိုင်စမ်း! ဘယ်လိုပုံစံနဲ့ ရေးနေတာလဲ။ ကောင်းကောင်းရေးလေ!"

လင်းရှီမှာ မေးကို စားပွဲပေါ် တင်ထားလျက် ခေါင်းညိမ့်၍ ပျင်းရိစွာ ထရန် ပြင်လိုက်စဥ် တစ်ချက်ပြုံးသွားကာ ဥာဥ်ဆိုးလေးက ထလာလေသည်။

ထို့နောက် တစ်ဖက်မှ သူ့ကိုကြည့်နေသည့်လူကို ခပ်ပြုံးပြုံးကြည့်ကာ အော်လိုက်လေသည်။

"ဒယ်ဒီ!! သား ချယ်ရီသီး စားချင်တယ်!"

မျက်နှာဗလာဖြင့် သွမ့်ရှန်းမှာ video chatဆီ ပြန်လှည့်သွားခဲ့ပေသည်။

"ဒီပရောဂျက်ကို ဦးစီးပြီး စုဟန်ဆီ လွှဲပေးလိုက်! ဖန်းရို့လျန်ကရော ဘယ်နေ့ ရောက်မှာလဲ"

video chat လေးယောက်ထဲမှ တစ်ယောက်က ခေါင်းညိမ့်ပြလာလေသည်။

"ဆရာ! သူမနက်ဖြန် ရောက်ပါမယ်!"

"ကောင်းပြီ။ ဒါဆို ဒီနေ့တော့ ဒီလောက်ပါပဲ!"

သွမ့်ရှန် video chatကို အဆုံးသတ်ကာ မတ်တပ်ရပ်၍ စာကြည့်ခန်း အပြင်သို့ ထွက်သွားလေသည်။

သွမ့်ရှန် လုပ်သမျှ လိုက်ကြည့်နေသည့် မျက်လုံး ဝိုင်းဝိုင်းလေး တစ်စုံမှာ အားလျော့စွာဖြင့် အကြည့်များက စာရွက်ဆီသို့ ပြန်ရောက်သွားခဲ့သည်။ မိနစ်ပိုင်းမျှ အကြာတွင် ပြန်ဝင်လာသည့် ခြေသံကို ကြားရပြီး ထိုခြေသံမှာ သူ့အနီးတွင် ရပ်သွား၍ လင်းရှီ စိတ်မပါစွာ မော့ကြည့်လိုက်သည်။

တစ်ဖက်လူမှာ နီရဲသည့် အသီးလေးများ ထည့်ထားသည့် ပန်းကန်ကို ကိုင်၍ ပြန်ဝင်လာခုင်းပေ။ လင်းရှီ အံ့သြစွာဖြင့် သွမ့်ရှန်၏ မျက်နှာကို ကြည့်မိသည်။

"တကယ်ကြီး ယူလာပေးတာလား"

တစ်ဖက်လူက ပန်းကန်ပြားကို ချပေးကာ အကြည့်များက သူ့လက်များအောက်က စာရွက်ဆီသို့ အကြည့်ရောက်လာလေသည်။

"ရေးတာက ဘယ်လိုလဲ"

"ဒီ မှာကြည့်လေ!"

လင်းရှီမှာ စာရွက်ပေါ်တင်ထားသည့် လက်များကို သွမ့်ရှန် ကြည့်စေရန် ဖယ်ပေးလိုက်ပြီး ချယ်ရီသီး ပန်းကန်ဆီသို့ ရောက်သွားလေသည်။

ထို့နောက် နှစ်လုံးယူ၍ တစ်ပြိုင်ထဲ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

သူ၏ ခပ်ဆိုးဆိုး လက်ရေးများကို ကြည့်ပြီး သူ့ကို တည်တံ့စွာ ကြည့်လာသည့် သွမ့်ရှန်၏ အကြည့်များကို ရင်ဆိုင်လိုက်ရသည့်ခဏ လင်းရှီ ပါးစပ်ထဲက ချယ်ရီသီးများကို ဆက်မဝါးပဲ ပါးတွင် ငုံထားလိုက်ကာ တည်တံ့စွာ ပြန်ကြည့်ပြီး စကားခေါင်းစဥ်ပြောင်းလိုက်လေသည်။

"မြင်လား! ကျွန်တော့််ရဲ့လျှာ ရှိနေသေးတာတောင် အများကြီး ဆံ့သေးတယ်!"

ထိုသို့ ပြောလိုက်သော်လည်း တစ်ဖက်လူမှာ သူ့ကို ထိုအတိုင်းသာ ကြည့်နေဆဲ ဖြစ်သေးသည်။ လင်းရှီ မပျော်မရွှင်နှင့် ခေါင်းငုံ့ကာ သူ့လက်ရေး ခပ်ဆိုးဆိုးလေးများကို ကြည့်လိုက်ကာ သက်ပြင်းချမိသည်။

"ကျွန်တော့် အသက် ၁၆ နှစ်တုန်းက ဒါတွေကို မေ့လုနီးပါး ဖြစ်သွားပြီဟာကို!"

"အင်း~"

သွမ့်ရှန်မှာ မပီမသဖြင့်သာ သူ့စကားကို တုံ့ပြန်လာသည်။

နောက်တစ်စက္ကန့်တွင် သူ့ဆုံလည် ထိုင်ခုံလေးမှာ တစ်စုံတစ်ယောက်၏ ဆွဲယူခြင်းကို ခံလိုက်ရကာ တစ်ဖက်မှလူမှာ လက်တစ်ဖက်ကို ထိုင်ခုံတွင် ကိုင်၍ နောက်လက်တစ်ဖက်က လင်းရှီ၏ ခေါင်းနောက်ပိုင်းကို ညင်သာစွာ ကိုင်၍ ပြင်းပြစွာ နမ်းရှိုက်လာပေသည်။

လင်းရှီ၏ နှုတ်ခမ်းလေးများမှာ တစ်စုံတစ်ယောက်၏ လျှာဖြင့် ထိုးခွဲခြင်း ခံရကာ နှုတ်ခမ်းအတွင်းရှိ ချယ်ရီသီးများနှင့် လျှာလေးမှာ သွမ့်ရှန်၏ ဆော့ကစားကာ စနောက်ခြင်း ခံရပေတော့သည်။

ချယ်ရီသီးလေးများ အရည်ပျော် ပျောက်ကွယ်သွားချိန်တွင်မှ တစ်ဖက်လူက သူ့ကို လွှတ်ပေးကာ နှုတ်ခမ်းများ ခွာသွားလေသည်။ သံယောဇဥ် မပြတ်နိုင်သည့် ငွေရောင် အမျှင်တန်းလေးများမှာမူ နှုတ်ခမ်းနှစ်ခုကို သွယ်ဆက်သေးလျက် ရှိပေသည်။

"ချယ်ရီသီး ထည့်ပြီးတာတောင် ကိုယ့်ရဲ့လျှာက မင်းလေးရဲ့ နှုတ်ခမ်းလေးထဲ ဆန့်သေးရဲ့လား သိချင်လို့ ကိုယ်က စမ်းသပ်ရုံပါ!"

သွမ့်ရှန် အရှေ့မှ စိုစွတ်နူးအိနေသည့် နှုတ်ခမ်းလေးကို အသာပွတ်သပ်လိုက်သည်။

"မင်းရဲ့ အသက် ဆယ့်ခြောက်တုန်းက ကိုယ်မင်းကို ဒီလို ခေါ်ချင်ခဲ့တယ်~"

"ရှီရှီ~"

ရိုမန့်တစ်အဆန်ဆုံး လှပသည့် ချစ်ရေးဆိုခြင်းထက် မင်းလေးရဲ့ နာမည်ကို ဒီလိုခေါ်ရတာက ကိုယ့်အတွက် ပိုကောင်းတယ်။

Spice Of LoveUnde poveștirile trăiesc. Descoperă acum