The Same as P-5 Uni

Start from the beginning
                                    

"HyunSuk!!!"

"ဟမ်....JiHoon ရောက်ပြီလား "

"ဘာလုပ်နေတာလည်း ဒါ"

"စကားပြောနေတာလေမမြင်ဘူးလား"

Jihoon နဲ့အစထဲကအမြင်မကြည်တဲ့ JaeHyuk က ဝင်ပြောလိုက်သည် Jihoon ကလည်း အမြင်မကြည်တာမို့ JaeHyuk နဲ့ဆို HyunSuk ကို ပိုလို့သဝန်တိုနေမိတာမျိုး

"မင်းပါးစပ်ကိာပိတ်ထား ငါမင်းကိုမေးနေတာမဟုတ်ဘူး "

"JiHoon လာ.. သွားမယ် တော်တော့ ငါရှင်းပြမယ် "

"မင်း ငါ့လူနဲ့ဝေးဝေးနေ ငါဘာမဆိုလုပ်နိုင်တယ် "

"ကျွန်တော်ကလည်း ဘာမဆိုလုပ်နိုင်တယ်ဆိုတာ သက်သေပြရမလား "

JiHoon နဲ့ JaeHyuk မျက်နှာချင်းဆိုင်ကာ စကားများနေကြတာမို့ ကြာရင်မကောင်းတော့တာမို့

"JaeHyuk ပြန်တော့နော်...လာပါ JiHoona သွားကြမယ် နော်လို့ လာ"

HyunSuk ကJiHoon ကိုခေါ်ကာ ကားထဲဝင်သွားပြီး ကားကိုဖြည်းဖြည်းမောင်းဖို့သတိပေးလိုက်သည်

နောက်မှာဒေါသဗလဖွာနဲ့ကျန်ခဲ့တာက JaeHyuk...

"JaeHyuk လာ..အရင်ကားပေါ်တက်ကြရအောင်နော်...စိတ်အေးအေးထား"

"မင်းကဘာသိလို့လည်း... တောက်!"

"ငါက ဘာမှမသိပါဘူး ဒါပေမယ့် မင်းဘက်ကနေတော့ ရှိပေးနိုင်ပါတယ် "

Asahi စကားကြောင့် ဒေါသထွက်နေတဲ့JaeHyuk Asahi ဘက်ကိုလှည့်ကြည့်ကာ ဒေါသကို သက်ပြင်းနဲ့လျှောချလိုက်သည်
ဒါပေမယ့် ဒီတစ်ကြိမ်မျှသာ Asahi စကားကတားလို့ရနိုင်မည်လို့လည်းသူတေးထားသေးသည်

Asahi က အလိုက်သိစွာဘဲ အိမ်ပြန်ရန် JaeHyuk ကို ကားပြန်လှည့်ခိုင်းလိုက်သည်

.....................

"Jihoon ရာ..ငါတဂယ်ပြောနေတာပါ...ငါကမင်းကိုစောင့်နေတာ သူဿားနဲ့လာရင်းတွေ့တာပါဆို "

"ဒါဆိုဘာလို့စကားရပ်ပြောနေကြတာလည်း"

"ဝတ်တရားအရပါ တဂယ်ပါ သူလိုက်ပို့တာကိုတောင်မလိုက်ပဲမင်းကိုစောင့်နေတာမဟုတ်ဘူးလား"

"ကျွန်တော် စိတ်ကြီးတာသိတယ်နော် ခင်ဗျားငြိမ်ငြိမ်နေ"

"ဘယ်သူကမသိလို့လည်း...သူပဲစိတ်ဇွတ်ကြီးနေတာ သူများကရိုးရိုးသားသားပဲကို"

"ခင်ဗျားကသာရိုးသားတာ ဟိုကဘယ်လိုပြောသွားလည်းမကြားဖူးလား"

"ကဲ..ဟုတ်ပါတယ် ParkJiHoon ကြီးရယ် ကျွန်တော်မှားပါတယ် အလုပ်နောက်ကျနေတော့မှာပဲ လာ...လာလို့...လာပါဆို...ကလေးစိတ်ကြီး ဟားဟား"

~~~~~~~~~~~~~

"JaeHyuk ခနထိုင်နေ ငါအအေးဘူးသွားယူလာပေးမယ်"

Asahi နဲ့ JaeHyuk အိမ်ပြန်ရောက်သည်နှင့် JaeHyuk က ဆိုဖာပေါ် မကြည်လင်သောမျက်နှာနှင့်ထိုင်နေတာမို့ Asahi သူ့သူငယ်ချင်းအသစ်စက်စက်လေးအတွက် အအေးဘူးမြန်မြန်သွားယူပေးနေသည်

"ရော့...စိတ်ညစ်စရာရှိရင်ငါ့ကိုရင်ဖွင့်လို့ရတယ်.. ငါတို့ကတစ်အိမ်ထဲနေတဲ့သူငယ်ချင်းတွေပဲ...."

"ငါ.... ကျန်ခဲ့ပြီလား.... သူပြောသွားတာ HyunSuk ကသူ့လူတဲ့"

Asahi မျက်နှာကိုပြန်မကြည့်ဘဲနံရံကိုပဲမျက်နှာမူကာ ပြန်ဖြေနေသော JaeHyuk အဖြေနဲ့ အမူအရာကိုကြည့်လျှင်
HyunSuk ကိုသူကြိုက်နေတာသိသာ​နေပါပြီ
Asahi တစ်ချက်ပြုံးလိုက်ရင်း...

"မင်း မကျန်ခဲ့ပါဘူး မင်းအတွက်အချိန်အခါကောင်းရောက်လာအုံးမှာပါ "

"အင်း..ဂိုမားဝေါ် ပြီးတော့ မီယမ်းနဲ ဒီနေ့ ငါလိုက်မပို့နိုင်ခဲ့ဘူး"

"ရပါတယ်... ငါကဘာမှမဖြစ်ဘူး မင်းသာ စိတ်ကိုဂရုစိုက်နော် အများကြီးလည်း မတွေးနဲ့"

"ဒါပေမဲ့ ငါ JiHoon ကိုတော့ တော်တော် ကြည့်မရဘူး"

"အေးပါ...အခုအဲ့တာတွေမတွေးနဲ့တော့ဆို လာ ငါနဲ့ဂိမ်းဆော့မယ် လာပါ "

ထိုနေ့က Asahi နဲ့JaeHyuk တစ်နေကုန်ဂိမ်းပြိုင်ဆော့ဖြစ်ခဲ့ကြသည်
ဂိမ်းဆော့နေရင်းလည်း ဆိုဖာပေါ်မှာအိပ်ပျော်သွားတဲ့ JaeHyuk ကြောင့် Asahi ပြုံးနေရပြန်သည်

*က​လေးဇိုးလေးကျနေတာပဲ...စိတ်လျှော့ပြီး အနားကလူကိုမြင်ပေးပါ JaeHyuk ရယ်*

________________♥________________

Up တောင်းထားလို့နော် ဒီနေ့ MashiKyu ပါအပ်ထားတာ 🥺​
ကြယ်လေးတော့ဖိပေးသွားကြအုံး အမောပြေလေး 😇




The Same as {Completed}💛Where stories live. Discover now