ဘဝက ကိုကိုပါ(Unicode)

Start from the beginning
                                    

"အချိုးကိုမပြေဘူး နောက်က လိုက်ခဲ့"

"ဟုတ်"

ရှေ့က လျှောက်သွားသည်ကြောင့် နောက်ကနေ ခြေလှမ်းကျဲတွေကို မီအောင် ဆည်းဆာ ‌အပြေးလိုက်ရသည်။
သွားနေရင်း နက်ခ်တိုင်ကိုပါ ဆွဲ ဖြည်ချလာတာမို့ အလိုက်တသိ ယူသိမ်းရသည်။
နဖူးပေါ်အောင် လှန်တင်ထားသည့် ဆံပင်တွေက ဒေါသတကြီးဖြစ်နေတဲ့အချိန်မှာတောင် အောက်ကို ကျမလာသည်အထိ သေသပ်လွန်းသည်။
နံဘေးကနေ ငေးရသည့် မျက်နှာမှာ နှာ‌တံချွန်ချွန်၊မေးရိုးထင်းထင်းက ဘယ်တော့မှ မရိုးနိုင်သည့် ကိုကို့ရဲ့ ခန့်ညားခြင်းတွေ။

ဦးတည်နေသည့် ခြေလှမ်းတွေက ဆည်းဆာရဲ့ အခန်းဆီကို မို့လို့ အခန်းရှေ့ရောက်ခါနီးတွင် ရှေ့ကို ကြိုပြေးကာ အခန်းတံခါး ဖွင့်ရသည်။
တံခါးနားရပ်စောင့်၍ ကိုကို အခန်းတွင်းရောက်မှ သေချာစွာ တံခါးကို လော့ချ ပိတ်ရသည်။
လက်ထဲက ကိုင်ထားသည့် ကုတ်အညိုနှင့် နက်ခ်တိုင်ကို စာကြည့်စားပွဲပေါ် အသာတင်လိုက်ပြီး ကုတင်ခြေရင်းမှာ ခြေချိတ်ထိုင်နေသူရှေ့ မတ်တပ်ရပ်ရသည်။

အခန်းအတွင်း အကြည့်နှင့် ဝေ့ဝဲစစ်‌ေဆးနေသူသည် ဆည်းဆာကို ဘာစကားမှ မပြောသေးပါ။

"ကိုယ် မကြိုက်တာ ဘာတွေလုပ်ထားလဲ မင်းပါးစပ်က ပြောလာတာကို ကြားချင်တယ် ဆည်းဆာ"

ကိုကို့ အမိန့်‌တွေသည် လွန်ဆန်၍ မရ။ လုပ်ထားသမျှ ဝန်ခံခိုင်းနေတာသည် မင်းလုပ်ထားသမျှ သိထားပြီးပြီ ဆိုသော အဓိပ္ပါယ်ဖြစ်သည်။
စဉ်းစားသလို ငြိမ်သွားသည့် ဆည်းဆာကို ကိုကိုသည် စကားတစ်ခွန်းပင် ထပ်မဟဘဲ စောင့်ဆိုင်းတတ်သည်။
အခုလည်း လက်တစ်ဖက်က မွေ့ယာပေါ် နောက်ပြန်ထောက်ကာ ကျန်တစ်ဖက်ကို ချိတ်ထားသည့် ဒူးပေါ် တင်ထားရင်း စူးစိုက်ကြည့်နေသည်။

"ညဘက်တွေ Barသွားတယ်
ရန်ဖြစ်တယ်၊ အတန်းတွေလည်း လစ်ထားတယ် ကိုကို"

စဉ်းစားမိသမျှ ပြောလိုက်ပေမယ့် ကိုကို့ဆီက ဘာအသံမှ ထွက်မလာဘဲ တိတ်ဆိတ်နေသည်ကြောင့် ခေါင်းငုံ့ထားရာကနေ ဆည်းဆာ မော့ကြည့်မိသည်။
စိတ်ပျက်ရိပ်သန်းနေသည့် မျက်ဝန်းနက်နက်တွေနှင့် ဆုံလိုက်ရသည်ကြောင့် အမြန်ပင် မျက်လွှာကို ချလိုက်ရသည်။

SpringWhere stories live. Discover now